Near the Love 48

580 39 2
                                    

Uni

"ကိုကိုရေ...ကြာဇံဟင်းခါးလေးနဲ့လေ ရှောက်သီးသုပ်လေးစားချင်လို့"
"မရဘူး"

အိမ်ကလူတွေကလဲ လပြည့်ဝန်း ခိုးစားရန်စည်းရုံး၍မရသလို...ကြယ်စင်မကလဲ ကိုကိုနဲ့ တစ်လေသံထဲ...ဒါကြောင့် ဇေရဲမာန် ကို ကိုယ်တိုင် ဂျီတိုက်ရတော့သည်။

"နည်းနည်းလေးပဲလေကိုကိုရယ်...သားတကယ်စားချင်နေတာ...နည်းနည်းလောက်ဆို ကျေနပ်ပါပြီဗျာ...ဟင့်" ဆိုကာ မျက်ရည်တွေပါဝဲလာသူကြောင့် ဇေရဲမာန် မနေနိုင်တော့။ ချက်ချင်း ဆရာဝန်ဆီဖုန်းဆက်ပြီး မေးရတော့သည်။

အများကြီးမဟုတ်ဘဲ အာသီသပြေရုံတော့ စားပါဆိုတာကြောင့် ဇေရဲမာန် ကိုယ်တိုင် မီးဖိုချောင်ဝင်တော့သည်။ အရမ်းမချဥ်အောင်လဲ သေချာလုပ်ပြီး ကြာဇံကိုလဲ အိနေအောင်ပြုတ်နေလေရဲ့.....

ခဏနေအကုန်ရတော့ ဗိုက်ဗိုက်လေးကို ကျွေးရတော့လေသည်။
တမြုပ်မြုပ်နဲ့ စားနေတာကြည့်ပြန်တော့လဲ စိတ်ချမ်းသာရသည်။ ဒီလိုတွေတားနေတာလဲ သူလေးအတွက်ပါ....

"ကောင်းလိုက်တာ...."
"ကြိုက်တယ်ပေါ့ ဒါဆို ညနေလဲ စောင်းတော့မယ် ခြံထဲခဏလမ်းလျှောက်မယ် ပြီးရင် ရေချိုးရမယ်နော်..."

"ဟုတ်...."

ခြံထဲတွေ လမ်းလျှောက်လို့ရအောင် သေချာလမ်းလေးဖောက်ကာ ခင်းထားလေသည်။ မချောအောင်လဲ အတတ်နိုင်ဆုံး လုပ်ထားသေး။ နှစ်ယောက်သား လမ်းလျှောက်ပြီးတော့ အိမ်ထဲ ပြန်ဝင်ကာ လပြည့်ဝန်း ကိုလဲ ဇေရဲမာန် ကိုယ်တိုင်ရေချိုးပေးလေသည်။

"ညကျရင် ပွဲတစ်ခုတတ်ရမယ်"
"ဟင်...သားကောပါလား"

"ဒါပေါ့ ကလေးက ကိုယ့်ရဲ့ တရားဝင်လက်တွဲဖော်လေ မင်းလေးနဲ့မှ မဟုတ်ရင် ဘယ်သူနဲ့ သွားရမှာလဲ ပြော"

"ဟုတ်ပါပြီ သားမှာ အင်္ကျီတွေမတော်တော့ဘူးလေ...ဗိုက်ကလေးက နည်းနည်းထွက်လာတော့"
"ကိုယ်စီစဥ်ထားပြီးသား ခဏနေရောက်လာလိမ့်မယ်"

နှစ်ယောက်သား ရေချိုးပြီးတော့ ပါဆယ်ဘူးလဲ ရောက်လာလေသည်။
ဇေရဲမာန် လဲ ဆင်းယူကာ ပြန်တတ်လာပြီး
"လာ...ဝတ်ကြည့်"

Near the love (Complete)Where stories live. Discover now