Near the love 32

548 34 2
                                    

Uni

ဝေဝါးစွာနိုးလာတော့ ကုတင်ပေါ်ရောက်နေပြီဆိုတာသိလိုက်သည်။ အစ်ကိုလေး ကော....
အခန်းထဲတွင်ဘယ်သူမှရှိမနေ...
အားယူကာ အောက်ထပ်ကိုဆင်းလာတော့ တစ်အိမ်လုံး တိတ်ဆိတ်နေလေသည်။

ဗိုက်ရဲ့အချက်ပေးသံကြောင့် မီးဖိုချောင်ဘက်သို့ ခြေဦးလှည့်ရတော့သည်။

"တူပါစေနော်...မတူရင်အတွေ့ပဲ!!!"

လူက မီးဖိုချောင်ထဲမရောက်သေး အစ်ကိုလေး အသံကအရင်ကြားလိုက်ရသောကြောင့် လူက မတ်ခနဲဖြစ်သွားသည်။ ဘာတွေအလိုမကျဖြစ်နေတာပါလိမ့်...

ဘေးကနေပြီး ဟင်းချက်နေတဲ့သူတွေကို ခါးထောက်ကြည့်ကာ ဆူငေါက်နေတာပင်။
"အစ်ကိုလေး.."

တိုးလျလျအသံကြောင့် Don ကြည့်လိုက်တော့
"Baby ဘာလို့အောက်ဆင်းလာတာလဲ...နေကောင်းသေးတာမဟုတ်ဘဲနဲ့..."
ဘေးနားအပြေးရောက်လာကာ နှာဖူးပေါ်လက်တင်စမ်းလိုက်တော့ အဖျားကတော့ ညကလောက်မရှိတော့...

"ဗိုက်ဆာနေပြီမှတ်လား ကိုယ် baby စားဖို့ ကြက်ကာလသားဟင်းချက်ပေးမို့....ခဏစောင့်နော် ရတော့မယ်"

ခုံပေါ်တွင် Bing ကိုထားကာ သူကတော့ မီးဖိုချောင်ထဲ ပြန်ပြေးဝင်သွားသတဲ့...
ပုံမှန်အချိန်ဆို နူးညံ့နေပင်မဲ့ တစ်ခါတလေ ဆို သိပ်ကိုကြောက်ဖို့ကောင်းသော အစ်ကိုလေး....
__________________

အသုံးအဆောင်အတွက် လိုအပ်တာလေးတွေကိုဝယ်ဖို့ Bing ထွက်လာလိုက်သည်။ အိမ်က driver ကိုပဲ လိုက်ပို့ခိုင်းလိုက်လေသည်။

ဝယ်ပြီးတာနဲ့ မြန်မြန်ပဲ အိမ်ကိုပြန်လာလိုက်သည်။ သို့သော် အိမ်ထဲဝင်ဝင်ချင်း မသက်မသာခံစားချက်ကြီးတစ်ချို့ဝင်လာလေသည်။

အိတ်တွေကို ကိုယ်တိုင်ဆွဲလာပြီး အိမ်ထဲ ဝင်တာနဲ့ ဧည့်ခန်းထဲကနေ ခေါ်သံတစ်ခု...
"Baby....ဒါက ဘယ်ကပြန်လာတာလဲ"
Sofaပေါ်တွင် ခြေတစ်ဖက်ချိတ်ကာထိုင်နေသော Don လက်ကနေလဲ ဆေးလိပ်ခဲထားသေးသည်။

"Market ကပါ...အစ်ကိုလေး နဲ့ ကျွန်တော့်အသုံးအဆောင်တွေကုန်တော့မှာမို့လို့ သွားဝယ်တာ"
"အိမ်မှာ လူတွေရှိတာပဲ သူတို့ကိုခိုင်းပေါ့"

Near the love (Complete)Where stories live. Discover now