Near the love 15

857 61 0
                                    

Uni

လွန်းထက်သာ တစ်ယောက် အပေါ်ထပ်တွင်ထိုင်ရင်း မြို့၏အလှကိုကြည့်မိသည်။
မီးရောင်စုံကြားထဲက မြို့ကြီးက သိပ်ကိုလှပနေပြီး ကြယ်တွေစုံတဲ့ညဖြစ်ပုံပင်....

လေတဝူးဝူးနှင့် လွင့်နေသော ဆံပင်စအား လွန်းထက်သာ သပ်တင်နေလိုက်သည်။

ခဏအကြာ မှာထားသည်များလာချတာကြောင့် စားဖို့ပြင်လိုက်သော်လဲ မိမိနားသို့ အရိပ်ကလေးတစ်ခုတိုးလာတာကြောင့် မော့ကြည့်မိတော့....

*English လိုပြောတာကို ကွင်းစကွင်းပိတ်နဲ့လုပ်ထားလိုက်မယ်နော်*

((စားသောက်ရတာ အဆင်ပြေရဲ့လား))
လွန်းထက်သာ လဲ
((အဆင်ပြေပါတယ်))

((ကျွန်တော်တို့ဆိုင်က အသစ်ဖြစ်တာကြောင့် လူကြီးမင်း အဆင်ပြေမယ်ဆိုရင် ​စားသောက်ပြီးမှ recommend လေးရေးပေးနိုင်မလား))
((အင်း...ကျွန်တော် စားသောက်ပြီးရင် ရေးပေးပါမယ်))

((ကျေးဇူးတင်ပါတယ်))
waiter လေးထွက်သွားမှ လွန်းထက်သာ လဲ စားစရာရှိတာ ဆက်စားနေလိုက်သည်...

စားသောက်ပြီးခါနီး📱📱📱ဖုန်းတုန်ခါနေတာကြောင့် လွန်းထက်သာ ဖုန်းကိုင်လိုက်ကာ
"အင်း...ပြော"
"......."

"ပို့ထားလိုက်... တာဝန်ကျေတယ်..."
ဖုန်းကိုချကာ အိပ်ကပ်ထဲထည့်နေတုန်း
"မြန်မာလားဟင်...."

မြန်မာစကားလာပြောသူကို လွန်းထက်သာ မော့ကြည့်မိတော့....
"ထူးစစ်သော်..."
"ဗျာ..."

မတ်တပ်ရပ်ပြီးသား ဖြစ်သွားတဲ့ လွန်းထက်သာ မှာ ဘာမှတောင် မစဥ်းစားဘဲ ရှေ့ကသူအားဆွဲဖက်လိုက်သည်။

ပထမကငြိမ်ငြိမ်လေးနေနေပင်မဲ့ ခဏအကြာရုန်းကန်လာတာကြောင့် လွန်းထက်သာ လွှတ်ပေးမိသည်။
"ထူးစစ်သော်.... ကိုယ်ရှာလိုက်ရတာ....မင်းဘယ်တွေရောက်နေတာလဲ...ဘယ်လိုဖြစ်လို့...ခုပြန်လိုက်ခဲ့"

လက်ကိုအတင်းဆွဲနေသော်လဲ ဖြုတ်ချခံလိုက်ရသောကြောင့် လွန်းထက်သာ အံ့သြသွားသည်။ သူ့မျက်နှာကိုကြည့်မိတော့
"တောင်းပန်ပါတယ် ဧည့်သည်လူမှားနေတယ်ထင်တယ်...ပြီးတော့ ဒါလေး...ဆိုင်အတွက် recommend လေးရေးပေးဖို့ပါ..."

Near the love (Complete)Where stories live. Discover now