Near the love 26

569 38 9
                                    


Uni

အရင်လိုမရှောင်တော့သောကြောင့် Don လဲ စိတ်အေးရတော့သည်။ ဒါပင်မဲ့ တဖြည်းဖြည်းသိလာသော မိမိရဲ့ ခံစားချက်တွေကြောင့် သူ့ကိုမြင်ရတိုင်း ချုပ်ထိန်းမထားနိုင်တော့။

ခုလဲ ဘယ်လိုမှပြောမရ ခြေထောက်ပြန်ကောင်းသွားလို့တဲ့ သူ့အခန်းထဲပဲ ပြန်အိပ်မယ်ဆိုတာ သူ့ပစ္စည်းတွေကိုရွှေ့နေလေသည်။

ကိုယ်ကလဲ စာမေးပွဲ ရှိလို့ ကျောင်းသွားရမှာဖြစ်တာကြောင့် သူ့ကိုကြာကြာတားမရ လွှတ်ထားရတော့သည်။
.
.
.
စာမေးပွဲ နောက်ဆုံးရက်ဖြစ်တာကြောင့် Roshan က သူငယ်ချင်း တွေ အတူတူလျှောက်လည်ဖို့ပြောသည်။ လက်မခံချင်ပင်မဲ့လဲ မရ ဒါကြောင့်လိုက်သွားလိုက်ရလေသည်။

အစကသာမာန်လိုစားသောက်ကြပင်မဲ့ နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်သလို နောက်နှစ်ဆို တက္ကသိုလ်တတ်ရမဲ့ကျောင်းသားတွေဖြစ်တာကြောင့် အသောက်ကလေးကပါလာလေပြီ။

Don က ယောက်ျားလေးပြီပြီ သောက်ဖူးတာကြောင့် မငြင်းဘဲ သောက်မိလေသည်။

"Roshan တော်တော့ မင်းများနေပြီ"
တစ်ခွက်ပြီးတစ်ခွက်မော့နေသော Roshan ကို Don တားမရ။

"Don ကလဲ တစ်ရက်လေးပျော်ရတာကို။ ပြီးရင်ငါက စာတွေကြီးပဲလုပ်ရတော့မှာ ငါ့ကို ခဏလောက်လွှတ်ပေးထားစမ်းပါ။"
"အေး မင်းသောက်တာ များနေလို့ပြောတာ။ မင်းက မသောက်နိုင်သေးဘူးလေ ဒါကြောင့် ခုတော်တော့ လာ ပြန်မယ်"

အတင်းဆွဲထူနေသော Don နောက် Roshan ဆူပုတ်ပုတ်နဲ့ လိုက်သွားရတော့သည်။ မိုးလဲချုပ်နေပြီမို့ အိမ်ကို Don ပဲ လိုက်ပို့ရသည်။
ဒါကို ကားထဲအငြိမ်မနေဘဲ ဆူညံအောင် စကားတွေပြောနေသေး။

"Don...မင်းလေ ယောက်ျားအချင်းချင်း sex..... လုပ်တာကို ဘယ်လိုမြင်လဲ။" အာလေးလျှာလေးဖြင့်ပြောနေပင်မဲ့ Roshan ပြောတာကိုသဲသဲကွဲကွဲကြားလိုက်သော Don မှာ ကားကို လမ်းဘေးတစ်နေရာသို့ ထိုးရပ်လိုက်ရသည်။

"မင်း ဘာကိုပြောချင်တာလဲ"
"ငါ.....ပြေတာလား။ ယောက်ျားအချင်းချင်း sex လုပ်ရတာကို ကြိုက်လား ဒါမှမဟုတ် ရွံလား။"

Near the love (Complete)Where stories live. Discover now