Near the love 29

535 46 8
                                    

Uni

"အစ်ကိုလေး....ဒီနေ့နောက်မကျဘူးမှတ်လား"
"အင်းပါ....စိတ်ချ ထမင်းစားချိန်အမှီပြန်လာမယ်။"

ဒီနေ့ Bing ကို အပြင်လည်ဖို့ခေါ်သွားမယ်ပြောပြီး အရောင်းအဝယ်ကိစ္စ ပြဿနာလေး ပေါ်လာသောကြောင့် သွားရှင်းရမည်လေ။

နေ့လည်အမှီအရောက်ပြန်လာမယ်ပြောသော်လဲ မျက်နှာမကောင်းသူလေးကြောင့် Don လဲစိတ်မကောင်း။ အိမ်မှာ အဖေရှိနေသောကြောင့် အစောင့်တစ်ယောက်လဲ လျှို့ဝှက်ထားခဲ့ပေးလိုက်သည်။

နှာဖူးလေးကို အနမ်းခြွေလိုက်ပြီး
"ကိုယ်လာခေါ်မယ်နော် နေ့လည်စာမစားထားနဲ့"
"ဟုတ်"

ခြံထဲကနေ ကားထွက်သွားတာကိုကြည့်ပြီးမှ Bing လဲ ပြန်ဝင်လာလိုက်သည်။ အစ်ကိုလေး မှာထားလို့ သခင်ကြီး နဲ့ မတွေ့ဖြစ်အောင် ရှောင်နေရဦးမည်လေ......
________________

"ရဲလက်ထဲရောက်သွားတယ်။ ဘယ်လိုဖြစ်တာလဲ ငါအဲ့လောက်လမ်းကြောင်းရှင်းပေးထားတာကို"
"ဟုတ်...ဟုတ်ပါတယ်။ ဒါပင်မဲ့ ဘယ်ကနေဘယ်လိုသိသွားလဲမသိဘူး။ နောက်ပြီးတော့ ရဲတွေကလဲ ကျွန်တော်တို့မသိတဲ့သူစိမ်းတွေပါ။"

"ဟူးးးးကြေးများလို့ ငါတော့ သိပ်မကျေနပ်ဘူး။ အဲ့ရဲတွေဘယ်သူလဲစုံစမ်းထား။ ပြီးတော့ မင်းတာဝန်ကအကြီးဆုံးနော်"
"ဟုတ်ကဲ့ပါ...Death....."

"အော်.....မြန်မာပြည်ဘက်မှာ ဘယ်ဂိုဏ်းက လွှမ်းမိုးနေလဲ စုံစမ်းထား။ ဒီတစ်ခေါက် မြန်မာပြည်မှာ ပြဿနာအနည်းငယ်ရှိပုံပဲ...အဖေ့ကြည့်ရတာ တစ်ခုခုအဆင်မပြေနေသလားလို့....."
"ဟုတ်ကဲ့ ကျွန်တော် စုံစမ်းထားလိုက်ပါ့မယ် Death"

အလုပ်ကိစ္စပြီးပြီမို့ Don အိမ်ကိုအမြန်နှုန်းနဲ့မောင်းကာ ပြန်လာခဲ့သည်။ Bing လဲ မိမိကို စောင့်နေသည်မှတ်လား။ မိမိတို့အတွက် အချိန်ပိုရရေးက တို့အရေးပဲလေ။

အိမ်ပြန်ရောက်တော့ မိမိမှာခဲ့သည့်အတိုင်း အဖေနဲ့မတွေ့အောင်ရှောင်ရင်းအခန်းအောင်းနေသူလေးကြောင့် တစ်ဖန်ကျေနပ်ရပြန်သည်။ ဒါမိမိစကားကို အလေးထားသည်မှတ်လား.....

"Baby သွားရအောင်....."
"အစ်ကိုလေး ဗိုက်ဆာနေသေးလား"

"မဆာပါဘူး။ Baby ဆာလို့လား အပြင်မှာစားကြမယ်လေ"
"ဟုတ်..."

Near the love (Complete)Where stories live. Discover now