Near the Love 50

570 37 2
                                    

Uni

"ဇေလပြည့်! ရပ်လို့ ပါပါးပြောနေတယ်နော်"
"ဟိ...ဟီး....Daddy ရေ ပါပါး လိုက်ယုပ်နေသယ်လို့"
မပီကလာ ပီကလာနဲ့ အသံကိုအော်ကာ မီးဖိုချောင်ထဲက Daddy ဆီပြေးသွားသော ဇေလပြည့်....တစ်နှစ်ခွဲတောင်မပြည့်သေးသော်လဲ ဒီကလေးက တော်တော်အပြေးသန်သည်။

သူ့Daddyကိုလဲမြင်ရော အားကိုးရသွားသလို ခြေထောက်ကို ပြေးဖက်လိုက်သည်။
ဇေရဲမာန် လဲ ဟင်းရည်အိုးတည်နေရင်းနဲ့ ကလေးအပူလောင်မှာဆိုးလို့ အမြန်ချီကာ အိုးနှင့်အဝေးသို့ ထွက်လာလေသည်။

ခဏနေ လပြည့်ဝန်း လဲ အင်္ကျီတစ်ထည်ကို လက်ကနေကိုင်ကာ ရောက်လာတော့သည်။
"ဇေလပြည့် လာခဲ့ အင်္ကျီဝတ်မယ်"
"No.."

"အံမယ်...ရမလား လာခဲ့ အအေးပတ်မယ်"
သားအဖနှစ်ယောက်ရန်ဖြစ်နေတာကြည့်ရင်း ဇေရဲမာန် ရယ်ချင်သွားသည်။ ဒီနှစ်ယောက်ကြားထဲမဝင်ရင် မပြီးတော့မှန်းသိတာကြောင့်
"ကဲ ကိုယ့်ကို ပေး ကိုယ်ဝတ်ပေးလိုက်မယ်...."
"ရော့...မပြောလိုက်ချင်ဘူး...သားအဖတွေ တည့်နေကြတယ်"

လပြည့်ဝန်း လဲ ဆူအောင့်အောင့်နဲ့ ဟင်းရည်အိုးနားသွားကာ မြည်းလိုက်လေသည်။

ဇေရဲမာန် ကတော့
"လာ...အင်္ကျီဝတ်ရမယ် အအေးပတ်မှာပေါ့။ Daddy သားလေးက လိမ္မာတယ်မှတ်လား"
"ဟုတ်"

ဒီအဖေနဲ့ ဒီသား လိုက်လဲလိုက်တယ်ဆိုတဲ့ အကြည့်နဲ့ လပြည့်ဝန်း ကတော့ မျက်စောင်းထိုးကာကြည့်နေလေသည်။

"ထိုင်နေကြဦး မနက်စာရတော့မယ်"
ဆိုကာ ဇေရဲမာန် လဲ ကျက်ပြီးနေသော အစားတွေကို ပန်းကန်ထဲထည့်နေလေသည်။ ဟိုသားအဖနှစ်ယောက်အတွက်ကတော့ နွားနို့ကမပါမဖြစ်။ မိမိကတော့ Coffee ခါးခါးတစ်ခွက်နှင့်ပင်။

ရှေ့က ကြက်ဥထမင်းကြော်ကို သားအဖနှစ်ယောက် အားရပါးစားနေပြီး ငါးဟင်းချိုကိုလဲ တရွှတ်ရွှတ်သောက်နေကြသေးသည်။

သားအဖနှစ်ယောက်က ရန်သာခဏခဏဖြစ်တာ အကြိုက်တွေ က ထပ်တူတွေပင်။
စားသောက်ပြီးတာနဲ့ ဇေရဲမာန် လဲ Company သို့ သွားရတော့သည်။

"သားသား ပါပါးဆီလာဦး" လပြည့်ဝန်း ခေါ်တော့ လှုပ်တုပ်တုပ်နဲ့ ဘေးနားလာထိုင်လေသည်။
"ဒီနေ့လေ ပါပါး ဆိုင်သွားမလို့"
"သားသားလဲ လိုက်မယ်"

Near the love (Complete)Unde poveștirile trăiesc. Descoperă acum