Near the love 21

684 42 0
                                    

Zaw

"Don...လာပြီလား..."
"....." ကျောင်းခန်းထဲဝင်လာတာနဲ့ စတင်အ​ပြေးနှုတ်ဆက်သော Roshan ကို တစ်ချက်သာကြည့်ပြီး ခုံတွင်ဝင်ထိုင်လိုက်သည်။

မိမိအားအဖက်မလုပ်သည်ကိုပင် လိုက်နှုတ်ဆက်နေသော Roshan ကြောင့် အခြားသူငယ်ချင်းများက လိုက်တားသော်လဲမရ....

"မနေ့အိမ်စာ မင်းပြီးပြီလား။ ငါ့ကိုငှားပါလား...ဟီးးငါမှားတာတွေရှိလားသိချင်လို့"
Roshan ကို ရှိသည်လို့တောင်မထင် ထုတ်စရာရှိတဲ့ စာအုပ်သာထုတ်နေလေသည်။

"နော်လို့.... "
ခုံပေါ်တွင် တင်ထားသော Don လက်ကိုလှုပ်ကိုင်ကာမေးတော့ ချက်ချင်းလက်ကိုပြန်ရုတ်လိုက်သည်။ သူ့လက်ကိုကိုင်တာမကြိုက်ဘူးဆိုတဲ့သဘော....

"အင်းပါလေ....နေပါစေတော့... နေ့လယ် ထမင်းစားဆောင်ထဲတူတူသွားမယ်။ ငါ့ကိုစောင့်နော်..."
"......" ပြန်စကားမရသော်လဲ ဘာတွေကြည့်ပြီး ကျေနပ်နေသည်လဲမသိ....ပြုံးစိစိဖြင့် သူ့ခုံတွင်ပြန်ထိုင်လေသည်။

အခြားသူငယ်ချင်းတွေရှိသော်လဲ Roshan မှာ Don ကိုသာလျှင် အလွန်ခင်မင်ချင်နေလေသည်။

နေ့လယ်ထမင်းစားချိန်လွှတ်တော့ ဘယ်ကတည်းက ထွက်သွားလဲ မသိသူကြောင့် Roshan မှာ သူငယ်ချင်း တွေနဲ့တောင်အတူတူမသွားနိုင်ဘဲ ထမင်းစားဆောင်သို့ အပြေးသွားကာ ရှာပုံတော်ဖွင့်ရလေသည်။

တွေ့ပါပြီ ခုံတစ်ခုတွင် ထိုင်ကာ နေ့လယ်စာစားနေသော Don...
Roshan လဲ ထမင်းဗန်းပြေးယူကာ အမြန်ထည့်ရင်း လွတ်နေသော Don ဘေးအပြေးဝင်ထိုင်လိုက်သည်။

ရောက်ကတည်းက တစ်ချက်သာကြည့်ပြီး သူ့ထမင်းသူစားနေသူကြောင့် Roshan မှာ ဘယ်ကစပြီး စကားပြောရမလဲ စဥ်းစားနေလေသည်။
ပဲနီလေးတွေပါသော ဟင်းကိုတို့တောင်မတို့သူကြောင့် Roshan လဲ စပ်စုချင်တာနဲ့...

"ပဲနီလေးစားလေ အဲ့တာမှ အာဟာရပြည့်စုံမှာပေါ့..."
"...."

"okလေ...မင်းမစားရင်ငါစားမယ်..." ဆိုတာ Don ဗန်းထဲက ပဲနီလေးကို လှမ်းနှိုက်သော်လဲ ပိုလျှင်သူ Don ကတော့ ဗန်းကို တစ်ဖက်သို့ ရွှေ့ချလိုက်သည်။

Near the love (Complete)Where stories live. Discover now