Near the love 5

1.1K 80 2
                                    

Uni

"ခဏလေးနော်သား ဆရာဝန်ခေါ်လိုက်မယ်"

ခဏအကြာမှာ ဆရာဝန် နှင့်အတူ ဖခင်ကပြန်ဝင်လာသည်။
"လူနာ...ကြည့်ရတာအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့..."

"သိပ်တော့ မစိုးရိမ်ရတော့ပါဘူး...ချုပ်ရိုးဖြည်ပြီးလို့ အနာကျက်ရင် ဆေးရုံက ဆင်းလို့ရပါပြီ"
ဆရာဝန် လဲ စစ်ဆေးစရာရှိတာစစ်ဆေးပြီးပြန်ထွက်သွားလေသည်။

"သားသက်သာရဲ့လား"
"ဟုတ်ကဲ့အဖေ...ကျွန်​တော်ရေဆာတယ်"

"သြော်...အေးအေး...."
"...."

"အဖေဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
"သားတစ်ယောက်လုံး ဓားထိုးခံရတာ ဘယ်အဖေက စိတ်အေးလက်အေးအိမ်မှာနေနိုင်မှာလဲ...."

"ဒါနဲ့ ကျွန်တော်  ဘယ်လိုဆေးရုံရောက်တာလဲ..."
"အေး လမ်းသွားလမ်းလာတစ်ယောက်က မြင်လို့ ဆေးရုံပို့ပေးတာ...အတွင်းရေးမှူးကလဲ အကြောင်း​ကြားလို့ အဖေလဲအားချင်းလိုက်လာတာ တော်ပါသေးတယ် မသေကောင်းမပျောက်ကောင်း..."

"ကျွန်​တော်ကိုထိုးသွားတဲ့သူကိုသိတယ်"
"သူလဲခုထောင်ထဲမှာပါ...အဲ့လမ်းသွားလမ်းလာကမြင်လို့ ပုံတူဆွဲခိုင်းရင်း အတွင်းရေးမှူးကသိတာနဲ့ တစ်ခါထဲ ရဲတွေရှာကြတာပဲ"

"ကျွန်တော့်ကြောင့် အဖေစိတ်ပင်ပန်းရပြီ"
"မဟုတ်တာ သားလုပ်ခဲ့တာတွေကမှန်တာပဲ"

"ကျွန်တော် သတိမေ့နေတာဘယ်လောက်ကြာပြီလဲ"

"၂ရက်တစ်ပိုင်း....သားကို အဖေနောက်ဆုံးပြောမယ်...ခုအတွင်းရေးမှူးဆီကို လက်လွှဲလို့ရအောင် အဖေအားလုံးစီစဥ်ပြီးပြီ...သားဆေးရုံကဆင်းတာနဲ့ ပြန်ရတော့မယ်"
"အဖေ"

"ဒါအဖေ့အမိန့်"

ဖခင်ဖြစ်သူဆန္ဒကြောင့် လွန်းထက်သာ ထက်မပြောတော့ပေ...အရာအားလုံး နေသားတကျဖြစ်ပြီး နေနိုင်ပါစေပဲ ဆုတောင်းမိသည်...

ဟိုကောင်လေးရဲမှူးကိုလဲ မြန်မာပြည်ပြန်ရောက်မှ သွားတွေ့ဦးမယ်
သူနဲ့စကားမပြောဖြစ်တာတောင် ကြာလှပေါ့.....
________________

Sofa ပေါ်မှာ တမ္မလင်ချိတ်ထိုင်ပြီး လက်ထဲကလဲ စတော်ဘယ်ရီ အသီးဗန်းကိုကိုင်ကာ တမြုပ်မြုပ်စားရင်း TVကြည့်နေသော လပြည့်ဝန်း...

Near the love (Complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα