Near the love 27

584 39 0
                                    

Uni

အသွေးအသားချင်း နီးစပ်ပြီးကတည်းက Don တစ်ယောက် Bing ကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေလေသည်။

ခုလဲ ဘဲသားဆန်ပြုတ် ကို မီးဖိုချောင်ထဲဝင်ပြီး ပြုတ်ပေးနေတာကို အနောက်ကနေ ရေခဲသေတ္တာကို မှီရင်းလက်ပိုက်ကာ ကြည့်နေလေရဲ့။

အားလုံးပြီးသွားတော့ အငွေ့တထောင်းထောင်းထနေသောဆန်ပြုတ်ကို ကြွေဇလုံလေးထဲထည့်ကာ
"အစ်ကိုလေး စားလို့ရပြီ။ ပူတုန်းလေးစားလိုက်ပါနော်။"

Don လဲ ခေါင်းငြိမ့်ကာ ခုံပေါ်တွင်ထိုင်လိုက်ပြီး တစ်ဇွန်းမြည်းကြည့်လိုက်လေသည်။
ပူပူနွေးနွေးလေးနဲ့ အရမ်းကိုအရသာရှိနေလေသည်။

"ကြိုက်ရဲ့လား အစ်ကိုလေး။"
"အင်း....Don က ချက်တတ်သားပဲ။"

"ဟုတ်ကဲ့။ အိမ်မှာဆို ကျွန်တော်က အမြဲချက်ပေးပေးနေရင်းနဲ့ ချက်တတ်သွားတာ။"
'အိမ်' ဆိုတဲ့ စကားပြောပြီးနောက် တစ်ခုခုကို သတိရသွားပြီး မျက်နှာလေး ညှိုးသွားသော Bing....

ဒါကို Don က သတိထားမိကာ ဆန်ပြုတ်ကို တစ်ဇွန်းခပ်ပြီး Bing ပါးစပ်နားတေ့ပေးလိုက်သည်။
Bing က အစက နားမလည်သလိုနဲ့နောက်မှ သဘောပေါက်သွားကာ
"ဟို..."
"စားပါ...."

ပြုံးကာခွံ့နေသောအစ်ကိုလေးကြောင့် Bing လဲ အားနာသွားကာ စားလိုက်ရလေသည်။

"Don...."
အနောက်က ခေါ်သံကြောင့် Don လှည့်ကြည့်လိုက်တော့ Roshan ပင်။ လက်ထဲတွင်လဲ အိတ်တစ်ခုနှင့်။

"လာလေ။ ဒီမှာ Bing က ဘဲသားဆန်ပြုတ် ချက်ပေးထားတာ မင်းပါ မြည်းကြည့်ပါလား။"
Bing က အမြန်ပဲ ဆန်ပြုတ်သွားထည့်နေလေသည်။

Roshan လဲခုံမှာဝင်ထိုင်လိုက်ကာ
"Don မင်းအတွက် တူနာ sandwich...."
"ဟုတ်လား....ကျေးဇူးပါကွာ။ ဒါနဲ့ဘာကိစ္စ"

"မင်းကိုဟိုတစ်နေ့ ငါမူးပြီးအိမ်ပြန်ရောက်ကတည်းက မတွေ့ဖြစ်လို့လာတာ"
"သြော်...."

ဆန်ပြုတ်သောက်နေရင်း အရှေ့တွင်ထိုင်နေသောမိမိဆီကို အကြည့်မရောက်ဘဲ ဘေးတွင်ရှိနေသော Bing ဆီကိုသာ အကြည့်ရောက်နေသော Don ကြောင့် Roshan အသံတိတ်ငိုနေမိသည်။

Near the love (Complete)Where stories live. Discover now