Near the love 33

562 42 2
                                    

Uni

"ကျွန်တော်လဲ ခုမှရောက်တာ...."
📱ကိုယ်လဲ ခုပဲပြန်ရောက်တာ📱

"အလုပ်မှာ ဂရုစိုက်ဦး...ကျွန်တော်လဲ လုပ်စရာရှိသေးလို့ ဒါပဲနော်..."
📱အင်းပါ...မင်းလဲ ဂရုစိုက်📱

Phလေးကို အိတ်ကပ်ထဲထည့်ပြီး ကောင်တာတွင်ထိုင်ရန်ပြင်လိုက်လေသည်။ ဒီနေ့လဲ အရင်တိုင်းပဲဆိုပင်မဲ့ စိတ်ထဲ ပျော်မွေ့မှုလှိုင်းလေးတိုက်ခတ်နေတာတော့အမှန်။

((ကျွန်တော်မှာချင်လို့))
ခေါင်းငုံ့ကာ အလှုပ်ရှုပ်နေတုန်း လူတစ်ယောက်လာပြောသောကြောင့် ခေါင်းကိုမော့ပြီး
((ဟုတ်...ဟာ....အစ်ကို"

ကောင်တာရှေ့တွင်ပြုံးဖြီးကာရပ်နေသော လွန်းထက်သာ ကြောင့် ထူးစစ်သော် ပျော်သွားကာ မျက်နှာလေးတောင် ဖြီးသွားလေသည်။

"ဟား....Suprise...."
"ဟာဗျာ....လူကို အံ့သြသွားတာပဲ.....ဘယ်တုန်းက ပြန်ရောက်တာလဲ"

"ဒီမနက်ဘဲပေါ့..."
"ဟင်...ခုနကပြောတော့ ပြန်ရောက်ပြီဆို..."

"ဟုတ်တယ်လေ ဒီကိုပြန်ရောက်ပြီပြောတာ"
"ဟာ...ကျွန်တော်က အစ်ကို့အိမ်ပြန်ရောက်တယ်မှတ်နေတာ"

"ဒီကောင်လေး အညာမိသွားတယ်ပေါ့"
"အစ်ကိုနော်..."

ဒီလူနဲ့ စကားပြောရတိုင်းအလွန်ရင်ခုန်မိနေတာကတော့ ထူးစစ်သော် ကောင်းကောင်းသိတာပေါ့....

"မနက်စာမစားရသေးဘူးဆို စားပါလား"
"အင်း ကိုယ်လဲ ဒီမှာပဲ စားဖို့လာခဲ့တာ"

"ဆိုင်မှာ Menu အသစ်ရှိတယ်။ မှာပေးမယ်နော်.."
"သဘောတော်အတိုင်းပါဗျ..."

နှစ်ယောက်သား စလိုက်နောက်လိုက်နဲ့ ရယ်မောနေသော်လဲ အဝေးတစ်နေရာကနေ ကြည့်နေသူကတော့ ဆိုင်ထဲက လူနှစ်ယောက်ကို မျက်မှောင်ကျုံ့ကာ ကြည့်နေလေရဲ့....

"အဲ့ကောင်ကိုစောင့်ကြည့်တာ.....ခြေလှမ်းတွေမူမမှန်တာနဲ့ ငါ့ကိုအကြောင်းကြား"
"ဟုတ်ကဲ့ Death"

Baby ကိုချစ်လို့ baby ပြုံးနေတာလေမြင်ချင်လို့ ကိုယ်ဒီလောက်အထိသည်းခံထားမယ်။ ဒါပင်မဲ့ baby က ရှေ့ဆက်တိုးဖို့ တွေးနေတယ်ဆိုရင်တော့ ကိုယ် baby ကို ဘာလုပ်မိမလဲ အာမ မခံနိုင်ဘူး...

Near the love (Complete)Where stories live. Discover now