Near the Love 13

846 64 2
                                    

Uni

"စားပါ babyရယ်...ဆန်ပြုတ် မကြိုက်ဘူးလား။ ကိုယ် ဘာလုပ်ခိုင်းလိုက်ရမလဲ။ Baby စားချင်တာပြောလေ"
"ကျွန်တော် တစ်ယောက်ထဲ နေချင်တယ်..."

တစ်ဖက်သို့ မျက်နှာ လွှဲသွားသူလေးကြောင့် Death စိတ်မကောင်းဖြစ်မိသည်။

လွန်ခဲ့တဲ့ တစ်လက ကားအက်စီးဒန့် ကြောင့် baby ကိုထိခိုက်မိစေပြီး အတိတ်ပါမေ့စေခဲ့သည်။ အဆိုးထဲက အကောင်းပဲပြောရမလား အတိတ်မေ့နေသော baby ကို ကိုယ်တို့တွေက ချစ်သူတွေပါဆိုပြီး လိုသလိုပုံဖော်လို့ ရတော့မှာပင်။

အိမ်ပြောင်း တဲ့ နေ့က အလုပ်ကိစ္စအရေးကြီးသောကြောင့် မိမိကအရင်သွားနှင့်ခဲ့သည်လေ။ လေယာဉ် နဲ့ ကျွန်းပေါ်ကနေ ကလေးကိုခေါ်ခဲ့ပြီး Landon မြို့အရောက်မှာတော့ ကားနဲ့ အိမ်သို့ခေါ်ခဲ့သည်။

ဖြစ်ချင်တော့ လမ်းမှာ ကုန်ကားတစ်စီးချို့ယွင်းချက်ကြောင့် ခုလို baby ပါထိခိုက်မိစေခဲ့သည်။

တကယ်လို့သာ မိမိလဲ ထိုအထဲမှာ ပါခဲ့လျှင် baby ကို သေချာပေါက် ကာကွယ်နိုင်ခဲ့မှာ.....

ခုတော့ baby စိတ်ဆန္ဒအတိုင်း အခန်းထဲကနေ ထွက်လာခဲ့ပြီး တစ်စုံတစ်ခုထားရာ အခန်းဆီသို့....

ထိုအခန်းကိုဖွင့်လိုက်တာနဲ့ မွှေးပျံ့နေသော ပန်းပေါင်းစုံရနံ့ကို မွှေးကြိုင်စွာ ရရှိလေသည်။
_________

"ကိုထက်ပိုင်....ကျွန်တော့်ကို ဒါလေးရှာပေးပါလား"
လွန်းထက်သာ ပေးသောFileကို ထက်ပိုင် ကြည့်ပြီး
"ဒါက..."

"ထူးစစ်သော် ထွက်သွားတဲ့ လက ဖြစ်ခဲ့ accidents တွေ...လူအသေအပျောက်မရှိလဲ သေးသေးလေးကအစပြန်စစ်ပေးပါ...."
"ဒါကို ဘယ်ကရတာလဲ"

ဟုတ်ပါတယ်.... ဒါကရဲတွေသာကြည့်ရတဲ့ မှတ်တမ်းလေ ခုဟာက အပြင်လူဆီကတောင် ရဲဖြစ်တဲ့ ထက်ပိုင်က ပြန်ကြည့်နေရတာ....

"အင်း...အသိဆီက။ လွယ်လွယ်ရခဲ့တာတော့မဟုတ်ဘူးပေါ့..."
"အင်းပါ...ဘာပဲဖြစ်ဖြစ် ဆရာ့ကိုရှာတဲ့အထဲမှာ ကိုလွန်းထက်သာ အားစိုက်ထုတ်တာ ပထမပဲ...ဒါကိုသာ ဆရာသိရင်..."

ပြောရင်း တိတ်သွားသူကြောင့် လွန်းထက်သာ မျက်ခုံးပင့်ရင်း
"ဆက်ပြောလေ"
"သြော်...ဆရာသိရင် သူ့ကိုခင်သူတွေပေါတယ်လို့ ပြောမှာပါလို့ အဲ့တာပြောတာ ဟဲဟဲ..."

Near the love (Complete)Where stories live. Discover now