Near the love 4

1K 79 0
                                    

Uni

ဒီနေ့ ကိုကို့ကို Suprise ​ဖြစ်စေချင်သောကြောင့် လပြည့်ဝန်း ကိုယ်တိုင် ရုံးကို ထမင်းချိုင့် သွားပို့မှာဖြစ်သည်။

ကိုဥက္ကာ ကိုမေးကြည့်တော့ ထမင်းစားချိန် ရုံးမှာပဲ ရှိမယ်ဆိုတာကြောင့် ထမင်းချိုင့် လေးကို လက်ကဆွဲရင်း ကိုကိုရှိရာ ရုံးသို့......

လပြည့်ဝန်း ကို ရုံးမှာ မသိသူမရှိဖြစ်တာကြောင့် ဇေရဲမာန် ရုံးခန်းရှေ့သို့တိုင် အေးဆေးရောက်လာခဲ့သည်။

တံခါးလက်ကိုင်ကိုကိုင်ပြီး ဖွင့်မယ်ကြံတုန်း အနောက်ဘက်မှအသံကြောင့်လှည့်ကြည့်မိတော့...

"အော်....ကိုဇေ ဆီလာတာလား။ တိုက်ဆိုင်လိုက်တာနော်...."
"ဟုတ်ကဲ့ မမကကော ကိုကို့ဆီလာတာလား"

"ဒါပေါ့ ကိုဇေနဲ့ နေ့လယ်စာအတူစားမလို့လေ။ ဒါနဲ့ ထမင်းချိုင့်နဲ့ဆိုတော့..."
"အော်...ဟုတ်...ကိုကို့အတွက်..."

"ဒါဆို အထဲဝင်ရအောင်လေ..."
"ဟုတ်ကဲ့"

မြင့်ရိရ်ရိပ် ကတော့ သူမဝင်ထွက်နေကျပုံစံဖမ်းကာ အရင်ဆုံး ဝင်သွားလေသည်။

"ကိုဇေ"
"မမြင့်မိုရ်ရိပ်...အားနာပင်မဲ့ နောက်တစ်ခါရုံးခန်းထဲလာရင် တံခါးခေါက်ပေးပါ..."

ဇေရဲမာန် ရဲ့ ဦးကြိုစကားကြောင့် သူမအင်တင်တင်ဖြစ်သွားသည်။

သူမအနောက်ကကုတ်ကုတ်လေးဝင်လာသော လပြည့်ဝန်း ကိုတွေ့တော့မှ ဇေရဲမာန် ပြာပြာသလဲ...
"ကလေး...ရောက်လာတယ် ကိုယ့်ကိုဖုန်းဆက်ရောပေါ့ကွာ..ကိုယ်လာကြိုမှာပေါ့"

ထိုင်နေရာမှချက်ချင်းထလာကာ မြင့်မိုရ်ရိပ် ကိုကျော်ပြီး လပြည့်ဝန်းပုခုံးကိုဖက်လိုက်ကာ လက်ထဲကချိုင့်ကိုလက်လွှဲယူလိုက်သည်။

"ဒါနဲ့ ဥက္ကာကော.."
"ကိုဥက္ကာ ကို ကိုကိုသောက်ဖို့ Coffee သွားဝယ်ခိုင်းလိုက်မိတယ်...ဒါ...ကြောင့်..."

"ဟုတ်ပါပြီ... လာထိုင်ရအောင်....အော်...မမြင့်မိုရ်ရိပ် လာရင်းကိစ္စက..ကျွန်တော် နဲ့ ကြိုမချိန်းထားမိဘူးနော်"
ခုမှသူမကို သတိရသလိုပြောတော့သော ဇေရဲမာန် ကြောင့် မြင့်မိုရ်ရိပ် နှာကစ်သွားသည်။

Near the love (Complete)Onde histórias criam vida. Descubra agora