Near the love 2

1.3K 84 0
                                    

Uni

ဂါဝန်ဒူးဖုံးလေးကို အသားကပ်ခြေအိတ်နဲ့ တွဲဝတ်ဆင်ထားပြီး ဆံပင်ကျောလယ်လောက်လေးနဲ့ အမျိုးသမီးလေးတစ်ဦးကို လမ်းသွားလမ်းလာတိုင်း ငေးကြည့်နေရသည်။

ပြေပြစ်သော မျက်နှာအချိုးအစားနဲ့ သေးသွယ်သော ကိုယ်ခန္ဓာလေးကြောင့် ရုတ်တရက်ဆိုလျှင် မိန်းကလေးနဲ့ချွတ်ဆွတ်နီးပါးပင်....

အပြင်ပန်းနဲ့ဆန့်ကျင်ဘက် ရင်ထဲဒူးရင်းသီးတွေသီးနေသော ထူးစစ်သော် မှာ တပည့်ဖြစ်သူကို စိတ်ထဲကျိမ်ဆဲနေမိသည်မှာ အခေါက်ပေါင်းမနဲ....

အသွင်ယူရတော့လဲမိမိဖြစ်နေသည်။ ခန္ဓာကိုယ် သေးသွယ်လို့ မိန်းကလေး နဲ့ ပိုတူတယ်ဆိုပြီး ခုလိုလိမ်းထားရသည်။

ဒူးဖုံးဂါဝန်ဖြစ်ပင်မဲ့ တစ်ချို့ သူတွေက တနှာမျက်လုံးနဲ့ ကြည့်တာလဲ ခံရသေးသည်။
အကွယ်တစ်နေရာတွင်း ကားကိုရပ်ကာစောင့်နေသော အဖွဲ့သားများကလဲ ရဲမှူးပုံစံကိုကြည့်ကာ ရယ်ခတ်ငိုရခတ်ပင်....

ည၁၀နာရီကျော်ဖြစ်လာတာကြောင့် လူခြေလဲတိတ်လာခဲ့သည်။

ရပ်စောင့်ရတာကြောင့် ထူးစစ်သော် လဲခြေတိုလှပြီ..
ထိချိန်အနောက်ဘက်မှ ခြေသံဖွဖွကြောင့် သတိအနေအထားဖြစ်သွားသည်။

မလှမ်းမကမ်းရှိ ကားထဲကလူများမှာလဲ စောင့်ကြည့်နေကြသည်။

ထိုချိန်ခြေလှမ်းအသံကလဲ နီးကပ်လာလေသည်။
ခါးပေါ်ရောက်လာသော လက်တစ်စုံကြောင့် ထူးစစ်သော် ဒေါသထွက်သွားပင်မဲ့ စိတ်လျော့လိုက်ရသည်။
အရမ်းလုပ်လို့ မရသေးတာကို....

"ညီမလေး တစ်ယောက်ထဲ ဘာလုပ်နေတာလဲ "
ယောကျာ်း လေး တစ်ယောက်ဖြစ်တာကြောင့် ထူးစစ်သော်စကားပြောမိရင် သိသွားနိုင်သည်လေ။ ကိုယ်ကိုရုန်းကြည့်လိုက်တော့ အနောက်ကလူက ခါးကိုပိုတင်းကြပ်စွာဖက်လိုက်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

"မရုန်းပါနဲ့ကွာ.....မင်းလေးကသိပ်ချစ်ဖို့ကောင်းနေလို့" ဟုဆိုကာ ပေါင်ကိုဂါဝန်အပေါ်ကနေကိုင်လိုက်သည်။ ထိုလူ့ဆီမှ အရက်နံ့ကလဲထူပူနေသေးသည်။

Near the love (Complete)Where stories live. Discover now