Near the love 25

674 46 5
                                    

Uni

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်း ငိုချင်စိတ်ကို တင်းခံနေမိသည်။ နောက်ဆုံးတော့ ကိုယ်ကပဲ သူစိတ်ချမ်းသာအောင် နောက်ဆုတ်ပေးခဲ့ရသည်။

ကိုယ့်ရဲ့ငြင်းဆိုမှုကြောင့် ပြုံးသွားသူ့မျက်နှာကို မြင်ခဲ့ပင်မဲ့ သူကတော့ သူ့ကိုယ်သူတောင် သတိထားမိပါရဲ့လား။
.
.
.
"အစ်ကိုလေး...." ကုတင်ပေါ်တွင် game အဆော့မပျက်သော သူကတော့ ကြားပုံမပေါ်....

ရေအိမ်သွားချင်သောကြောင့် ခေါ်ရခြင်းဖြစ်သည်။ ဟိုတစ်ခါက သူ့ကိုမခေါ်ပဲ သွားလိုက်တာ ချော်ကျမလိုဖြစ်သေးသည်။ ထိခိုက်သွားတာ မဟုတ်ပင်မဲ့ အစ်ကိုလေး ထိုနေ့က မိမိကို တော်တော်စိတ်ဆိုးသွားလေသည်။ ဒါကြောင့် သူ့အမိန့်အတိုင်း ခေါ်နေရခြင်းဖြစ်သည်။

"အစ်..ကိုလေး..."
တုန်ယင်နေပုံပေါ်သော ခေါ်သံကြောင့် Don မော့ကြည့်လိုက်တော့ တစ်ခုခုကို သည်းခံနေပုံပေါ်‌ေနသော Bing...

"ဘာဖြစ်လို့လဲ။"
"ကျွန်တော် အပေါ့..."
ခုမှ သဘောပေါက်သွားကာ Don လဲအမြန်ထပြီး တွဲကူတော့သည်။

ခြေထောက်က သက်သာပင်မဲ့ လိုတာထက်ပိုတွဲနေသော အစ်ကိုလေးကြောင့် Bing လဲ အနေခက်နေသည်။

ရေအိမ်သွားပြီးတာနဲ့ ပြန်လာပြန်တော့လဲ တွဲကူနေပြန်သော အစ်ကိုလေး...

"အ့"
တွဲချင်စိတ်သာများနေသော Don မှာ ကုတင်းဇောင်းနဲ့ ခြေဖျားတွေ မိတ်ဆက်ကာ ကုတင်ပေါ်သို့ ပြုတ်ကျသွားသည်။ တွဲထားတဲ့အရှိန်ကြောင့် Bing လဲ Don ကိုယ်ပေါ်သို့ ထပ်ရပ်ပြုတ်ကျသွားသည်။

လှည့်လိုက်သော ခန္ဓာကိုယ်ကြောင့် Don က ပက်လက်ပြုတ်ကျပြီး Bing က သူ့အပေါ်သို့ ပြုတ်ကျလာသည်။

ထပ်လျှက်ဖြစ်နေသော ခန္ဓာကိုယ်နှစ်ခုက စည်းချက်မမှန်သော နှလုံးခုန်သံများကို ရင်ဘက်ချင်းထိနေရင်းမှ တစ်ဖက်သူက အတိုင်းသားခံစားမိနေသလို။

နှုတ်ခမ်းသားနှစ်ခုလုံးက ဂဟေဆက်ထားသည်ပမာ ထိကပ်နေလေသည်။
နူးညံ့အိစက်သော နှုတ်ခမ်းသားလေးကို Don ခံစားမိနေသည်။

အသိစိတ်အရင်ကပ်သွားသော Bing မှာ Don ရင်ဘက်ကို အားကုန်သုံးကာ တွန်းလိုက်လေသည်။

Near the love (Complete)Where stories live. Discover now