Near the love 28

549 39 2
                                    

Uni

'တီ..တီ....တီ'
နာရီ alarm သံကြောင့် Don ချက်ချင်းနိုးလာပြီး Bing လဲနိုးလာမှာဆိုးသောကြောင့် အမြန်ပိတ်လိုက်သည်။ တော်သေးတယ် Bing တစ်ယောက်ကတော့ မနိုးသေး။

အိပ်နေသောပုံစံလေးကို Don လဲအသည်းယားကာ ကြည့်နေမိသည်။ ညက မိမိကြောင့် သူလေးအတော်ပင်ပန်းသွားသည်လေ။ ခုလဲ စောင်ကို ရင်ဘက်အောက်နားထိသာခြုံထားသောကြောင့် နီတာရဲအရာလေးနှစ်ခုက ပေါ်နေသည်။ မိမိလက်ချက်ကြောင့် ကိုက်ရာလေးတွေနဲ့ပါ ရဲနေသော ရင်ဘက်ကလေးက အသက်ရှူနေသောကြောင့် ဖောင်းလိုက်ပိန်လိုက်နှင့်။

မနေနိုင်တာကြောင့် ခိုးကာ နှုတ်ခမ်းသားလေးကိုနမ်းမိတော့ လူးလွန့်လာသည်။

"အစ်ကိုလေး...နိုးနေပြီလား။"
"အင်း အိပ်ချင်အိပ်ဦးလေ။ "

"ဟင့်အင်း မအိပ်တော့ဘူး။ အစ်ကိုလေးအတွက် မနက်စာပြင်ပေးရမယ်"
"နေနေပါ baby ပင်ပန်းထားတာ။ အေးဆေးအနားယူ ကိုယ်လဲ မထသေးဘူး။ လာပါဦး"
ဆိုတော့ အလိုက်သင့်လေးရင်ခွင်ထဲဝင်လာပြန်သည်။

Don လဲ တင်းနေအောင်ဖက်ထားလိုက်ကာ ပြန်အိပ်စက်လိုက်သည်။ baby ကို တရားဝင်ပိုင်ဆိုင်ခွင့်ရခဲ့တာကြောင့် Don သိပ်ပျော်နေတာပင်။

ဒီတစ်ခေါက်အဖေပြန်လာရင် ဖွင့်ပြောဖို့ပါ ကြံထားလေသည်။

ချစ်စိတ်ကြောင့် baby ကို အမြဲဝှက်ထားချင်စိတ်တွေလဲဖြစ်သည်။ ဒီကောင်လေးကြောင့် မိမိနှလုံးစားလေးက အသက်ဝင်လာတာမှတ်လား။
___________________

ခြံထဲတွင် ပန်းပင်လေးတွေကို နေရာရွှေ့ မြေသြဇာကျွေးရင်းနဲ့ အလုပ်ရှုပ်နေသူက Bing....

အသစ်ရောက်လာသော အလုပ်သမားကောင်လေးတွေကိုလဲ ပန်းအိုးလဲတာတွေနေရာချတာတွေအတွက်လဲ Bing ခိုင်းနေရလေသည်။

အစ်ကိုလေးကလဲ အလုပ်ကိစ္စကြောင့် အပြင်ထွက်သွားလေသည်။ နေ့လည်စာလဲ ပြန်မစားနိုင်ဘူးဆိုသောကြောင့် Bing လဲ ကိုယ်တိုင်ချက်စရာမလိုပင်။

ထိုချိန်ခြံထဲသောဝင်လာသောကားကြောင့် ခြံစောင့်ကလဲ သွားဖွင့်ပေးလေသည်။ သေချာကြည့်လိုက်တော့ သခင်ကြီး ဖြစ်နေသောကြောင့် Bing လဲ အံ့သြသွားသည်။

Near the love (Complete)Where stories live. Discover now