Near the Love 42

539 31 2
                                    

Uni

မုန့်တွေလုပ်စားနေသောသူ အခုတလော ပူပူစပ်စပ်ကြီးသာ စားချင်နေသောကြောင့် ကြယ်စင် နဲ့ Jelly ကိုခေါ်ကာ မုန့်လုပ်စားနေခြင်းဖြစ်သည်။

"ဟဲ့...ဟဲ့...ဖြည်းဖြည်း အဲ့လောက်မထည့်နဲ့ နင်စားလို့ရလို့လား။ တော်ကြာ နင့်ယောက်ျားပြန်လာမှဖြင့် ငါတို့ပါအဆူခံရမယ်နော်"
အချဥ်ရည်ထဲ ငရုပ်သီးစိမ်းတွေအားရပါးရညှပ် ထည့်နေသော လပြည့်ဝန်း ကြောင့် ကြယ်စင်ခေါင်းကျိမ်းနေလေသည်။

"ရပါတယ်ဟာ...နည်းနည်းပဲ"
"ဘယ်မှာလဲ နည်းနည်းလဲ ကြည့်ဦး" Jelly ပါဝင်ပြောလာတော့ လပြည့်ဝန်း လဲ အရှုံးပေးရတော့သည်။

Hot pot ပူပူလေးကို သုံးယောက်သား ခေါင်းခြင်းဆိုင်ကာ စားနေတော့သည်။

"လပြည့်ဝန်း တော်တော့!" အချဥ်တွေညှစ်ကာစားနေသောကြောင့် ကြယ်စင်တားလိုက်ရပြန်သည်။
"နင်ကလဲ"
"မလဲနဲ့ ... ကျွန်တော်တို့ကြောက်တယ်နော်"

'တီ...တီ' အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် လပြည့်ဝန်း ကိုယ် မတ်ခနဲဖြစ်သွားလေသည်။

စားလက်စအချဥ်ရည်စပ်စပ်ကိုလဲ Jelly ရှေ့ထားကာ Jelly အချဥ်ရည်ကို လှမ်းယူလိုက်လေသည်။
လပြည့်ဝန်း ရဲ့ လုပ်ရပ်ကြောင့် ကျန်နှစ်ယောက်ကတော့ ကြောင်ခနဲဖြစ်သွားသည်။

"ကလေး..." မီးဖိုချောင်ထဲသို့တန်းတန်းမတ်မတ်ဝင်လာသူကြောင့် သုံးယောက်လုံးလန့်သွားလေရဲ့....
"ကိုကို..."ဆိုကာ ပြေးဖက်သော လပြည့်ဝန်း ကြောင့် ဇေရဲမာန် လဲ ပါးလေးကိုနမ်းလိုက်ကာ...
"ဘာတွေလုပ်နေတာလဲ"

"ကြယ်စင်တို့နဲ့ မုန့်လုပ်စားနေတာ"
"ဟုတ်လား....ပြီးတော့ရော" မျက်လုံးပင့်ကာမေးလိုက်တော့ လပြည့်ဝန်း မျက်လုံးလေးတွေ ဝိုင်းစက်သွားလေသည်။

"ဘာကို ပြီးတော့လဲ ကိုကိုရဲ့"
"မှန်းစမ်း" ဆိုကာ နှုတ်ခမ်းသားတွေကို စုတ်နမ်းလိုက်ပြီး လျှာဖျားတွေကိုပါ ယူငင်လိုက်တော့...
"အွန်း"

ဟိုနှစ်ယောက်လဲဒီမြင်ကွင်းကြောင့် အိမ်ရှေ့သို့ ပြေးထွက်သွားတာမှ တန်းခနဲပဲ...
"ဘာတွေစားထားတာလဲ"
"Hot pot လေ"

Near the love (Complete)Where stories live. Discover now