Near the love 46

578 35 4
                                    

Uni

မြန်မာပြည်က စုံစမ်းပေးသောသူဆီက သတင်းတွေကိုနားထောင်ရင်း ထူးစစ်သော် တောင့်တောင့်ကြီးဖြစ်နေလေသည်။ ထို့နောက် ထိုင်နေတာတောင် သေချာမထိုင်နိုင်တော့ဘဲ အနောက်သို့မှီလိုက်ကာ
"ဒါတွေက တကယ်ပဲလား"

"...." လွန်းထက်သာ လဲ ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိဖြစ်သွားလေသည်။

အဖြစ်မှန်ကို စုံစမ်းရင်း ထူးစစ်သော် ရဲ့ မိဘတွေ ကား Accident ဖြစ်တာက လုပ်ကြံခံရတယ်ဆိုတာပါသိရလေသည်။ ဒါကို ထူးစစ်သော် သိထားတယ်ဆိုသော်လဲ မသိသေးတာက သူ့မှာ အမွှာနီးနီး ရုပ်ဆင်သော အစ်ကိုတစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်းပင်။

ဒါကိုတော့ ထူးစစ်သော် အမှန်တကယ်မသိခဲ့...
သူသိတာက သူကိုယ်တိုင်ပါ accident ထဲပါခဲ့တာမှန်ပင်မဲ့ သူ့ကိုယ်သူ အတိတ်မမေ့တာလဲ သိတယ်။ ဘာလို့ အစ်ကိုဆိုတဲ့သူကိုမှ မေ့နေခဲ့တာလဲ....

"ကျွန်တော် ယုံရမှာလား..." လွန်းထက်သာ လဲ ထူးစစ်သော် ကို ရင်ခွင်ထဲ ပွေ့လိုက်ကာ
"ကိုယ်မပြောတတ်ဘူး။ သေချာတာက ခုစုံစမ်းပေးတဲ့သူက အလွတ်စုံထောက်ထဲမှာ အတော်ဆုံးပဲ....မမှတ်မိဘူးဆိုတာကလဲ အကြောင်းရှိမှာပါ...နော်..."

"ကျွန်တော် ဖေဖေ နဲ့ မေမေကိုကျ မှတ်မိပြီး ဘာလို့ အစ်ကို့ကိုကျ.."
"ကိုယ်စုံစမ်းပေးပါ့မယ်"

အစက အသတ်ခံရတယ်ပဲ သိရတာပါ။ ဒါပင်မဲ့ နောက်တော့ ကားaccident ထဲ မိမိပါ ပါတယ်ဆိုတာမှတ်မိခဲ့သည်။ သို့သော်လဲ ထိုအချိန်တုန်းက Death ဆီမှာ ရှိနေခဲ့တာကြောင့် အရာရာကို မေ့ထားခဲ့ရလေသည်။ ခုတော့ ပိုသေချာသွားတဲ့အဖြစ်ကြောင့် လူက စိတ်ထိခိုက်ရပြန်ရော....

လွန်းထက်သာ လဲ ထူးစစ်သော် ကိုတင်းနေအောင် ဖက်ထားကာ အနွေးထွေးဆုံးဖြစ်အောင် ကူညီပေးနေလေသည်။
______________

"အစ်ကိုလေး ဖြည်းဖြည်း"
အဲ့တာသာကြည့် လပြည့်ဝန်း တစ်ယောက် ဗိုက်က မထွက်‌‌ေသးသော်လဲ ကိုကို့ရဲ့ အမိန့်ကြောင့် တစ်အိမ်လုံးကလူတွေရဲ့ သည်းသည်းလှုပ်ခြင်းခံနေရလေသည်။ အိမ်အကူအသစ်တွေပါ ထပ်တိုးခေါ်ထားသေး...

Near the love (Complete)Where stories live. Discover now