Near the love 11

891 61 0
                                    

Uni

မျက်ရည်စလေးတွေကို ဇေရဲမာန် သုတ်တော့ ပြုံးပြလာသည်။
"ကိုကို့အပေါ် သားဆိုးမိသွားတယ်...နာသွားလားဟင်"

ဇေရဲမာန် ပုခုံးကိုကိုင်ကာမေးတော့
"မနာပါဘူး..."
"မွ...." လပြည့်ဝန်း မှာ ဇေရဲမာန် ပါးကိုနမ်းကာ ချော့ပါတော့သည်။

"နောက်တစ်ခေါက်လောက် " နှုတ်ခမ်းကိုထော်ကာ ထပ်တောင်းသူကြောင့် လပြည့်ဝန်း နမ်းရတော့သည်။

"နေဦး!! စိတ်ကောက်နေသေးတာ...."
"အယ်...ဟုတ်သား" ခုမှ စိတ်ကောက်နေ​ကြောင်း ပြန်သတိရပုံပင်။ ဇေရဲမာန် မှာ ရယ်ချင်သော်လဲ တစ်ပြစ်ကနေ နှစ်ပြစ်ဖြစ်တော့မှာမို့ မြိုသိပ်ကာနေနေရတော့သည်။

"ကလေးပြောလေကွာ...နော်...ကိုကိုဘာအမှားလုပ်မိလို့လဲ" ဇေရဲမာန် မေးတော့မှ ဘေးနားမှာချထားတဲ့ ဖိတ်စာကို လပြည့်ဝန်း ထုတ်ပြကာ...

"ဒီမှာ...Dinnerတဲ့ Club မှာလုပ်မှာ...ပြီးတော့ သွားရမှာက ဒီည။ အဲ့တာကို ကိုကိုက သားကိုမပြောဘဲ သွားမှာမို့လားဟမ်......"

မြင့်မိုရ်ရိပ် ရဲ့ မွေးနေ့က ပြီးသွားပြီဆိုပင်မဲ့ သူမက သူမအဖေရဲ့ အလုပ်တွေကို လက်လွှဲယူတဲ့ အထိန်းအမှတ်အနေနဲ့ လူငယ်လုပ်ငန်းရှင်တွေအတူတူ သောက်ကြစားကြကာ ပျော်ပါးကြမဲ့ပွဲပင်။

ဒါကိုသိသော ဇေရဲမာန် မှာ မသွားချင်ပင်မဲ့ စီးပွားရေး လက်တွဲဖက်ဖြစ်နေသောကြောင့် ​ငြင်းလို့မဖြစ်...

Club ဖြစ်တာနဲ့အညီ သိပ်ကိုရှုပ်ရှပ်ခပ်နေမှာမို့ ကလေးကို ခေါ်မသွားချင်။
ဖိတ်စာကိုလဲ အိမ်မှာကျန်ခဲ့တာ ကလေးတွေ့သွားလေပြီ...

"ပြောလေကိုကို!!"
"အင်းပါ... ကိုယ်ပြောပါ့မယ်နော်....ကလေးကို ခေါ်သွားဖို့က Club ဖြစ်နေတော့...ကလေးသိတဲ့အတိုင်းပဲလေ"

"ကိုကိုကစိတ်မချဘူးဆိုပါတော့"
ခေါင်းညိမ့်ပြလာသူကြောင့် လပြည့်ဝန်းမှာ လဲ စိတ်ဆိုးရခက်ခက်ပင်။

"ကိုကိုပဲစဥ်းစားကြည့် သားက ခုလို Club ကို ကိုကိုတစ်ယောက်ထဲသွားတာ စိတ်မချဘူး....အစ်ကိုဥက္ကာပါတယ်ပဲပြောပြော...ကိုကို ကို သားကပိုင်တာဆိုပြီး ပြချင်တာ"

Near the love (Complete)Where stories live. Discover now