Near the love 36

548 39 0
                                    

Uni

လပြည့်ဝန်း ရဲ့ ရေခဲမုန့်ဆိုင်တွင်ဖြစ်သည်.....
အရှေ့က မိန်းမပီပီတဟားဟား ရယ်နေသော ကြယ်စင်ရွှန်းလဲ့ ကြောင့် လပြည့်ဝန်း မျက်နှာကဆူပုတ်လျက်....ဇေရဲမာန် မျက်နှာကတော့ ပြုံးစိစိနှင့်...

ပါးမှာ ကိုက်ရာ အကွင်းလိုက်နှင့် သူငယ်ချင်းဖြစ်သူကြောင့် ကြယ်စင့်မှာ ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ....တစ်ဖက်ပါးကအနေတော်ပင်မဲ့ ကိုက်ခံရသောပါးမှာ မသိမသာလေးဖောင်းတတ်နေလေသည်။

"နင်ဆက်ရယ်နေရင် ငါရေခဲမုန့်မကျွေးပဲနေမှာနော်..."
"မ..မလုပ်ရဘူးလေဟာ...မ..ရယ်တော့ဘူးနော်..ခွီး.."

စိတ်ရှိတိုင်းသာဆို သူငယ်ချင်းမအား နုတ်နုတ်ဆင်းလိုက်ချင်သည်။
ခဏနေ ပြာပြာယာယာနဲ့ ဆိုင်ထဲဝင်လာသူမှာ Jelly ပင်...မျက်နှာကလဲ ဒေါသထွက်နေပုံကြောင့်ရဲနေလေသည်။

ကြယ်စင့်ဘေးကို ထိုင်လိုက်ကာ လေပူတွေကို မှုတ်ထုတ်ပြီး...
"ရေခဲမုန့်ကျွေးမှာမှတ်လား...စားပြီနော်" ဆိုကာ ရှေ့ကအသစ်ခွက်ကို ယူစားချလိုက်သည်။

လက်ကအရင်ယူတောင်စားလိုက်သောကြောင့် ကြယ်စင့်မှာ တားချိန်တောင်မရလိုက်ပေ....
"ဟာ...Jelly ရာ...အဲ့တာငါ့ဟာ..."
"အသစ်မှာစားလိုက်...ငါဒေါသထွက်နေတာနော်..."

ကြယ်စင်လဲ မနိုင်တာကြောင့် အသစ်တစ်ခွက်သာမှာစားလိုက်ရပေသည်။

ဆိုင်ထဲသို့ ချွေးသံရွှဲရွှဲနဲ့ ဝင်လာသော တပည့်ကျော်ကြောင့် ဇေရဲမာန် မျက်မှောင်ကြုံသွားသည်။
"ချာတိတ် ရာ.. ကိုယ့်တောင်မစောင့်ဘူး.."
"စောင့်စရာလား သူဖြင့်ကြည်နူးနေပြီးတော့"

"ဟင်...ကိုယ်မကြည်နူးပါဘူး"
"ဘဲကြီး..ခင်ဗျားကလေ...ဒီမျက်လုံးတွေနဲ့မြင်နေရတာတောင် လိမ်ချင်သေးတယ်...အဲ့ကားပေါ်ကဆင်းပြီးတာနဲ့ ကျွန်တော့်ကိုတောင်တံခါးမဖွင့်ပေးနိုင်ဘဲ ကြည်နူးနေပြီးတော့များ..."

"မဟုတ်ရပါဘူးကွာ...အဲ့တာကိုယ်အမလိုခင်ရတဲ့သူပါ..သူမှာအိမ်ထောင်လဲရှိတယ် ကလေးလဲရှိတယ်...မတွေ့တာကြာပြီ ခုမှပြန်တွေ့ကြလို့ စကားပြောနေတာပါကွာ..."
"တကယ်လား"

Near the love (Complete)Where stories live. Discover now