Near the Love 56 Final

1K 41 2
                                    

Uni

"မင်္ဂလာပွဲကျရင်လဲဖိတ်နော်..." လပြည့်ဝန်း စကားကြောင့် ထူးစစ်သော် လဲ ပြုံးရယ်ကာ
"ဖိတ်မှာပေါ့...ကျွန်တော့်မှာက ဆွေမျိုးမရှိဘူးလေ ဒီလူတွေပဲဖိတ်ရမှာ"

ထူးစစ်သော် စကားကြောင့် လပြည့်ဝန်း လဲ အားနာသွားကာ
"ဟိုလေ..."
"ရပါတယ်...ကိုလပြည့်ဝန်း တို့ မိသားစုလေးက တကယ်ကို ချစ်စရာလေးနော်..."

တစ်ဖက်တွင်စကားပြောနေသော လွန်းထက်သာ နှင့် ဇေလပြည့်လေးကို ချီထားသော ဇေရဲမာန် တို့ဘက်ကိုကြည့်ရင်း ထူးစစ်သော် ပြောမိသည်။

"ဘယ်အရာကမှ လွယ်လွယ်မရခဲ့ပါဘူး...ကျွန်တော်တို့တုန်းကလဲ အခက်အခဲတွေရှိခဲ့ပါတယ်...ပြီးတော့ ကိုထူးစစ်သော် တို့နှစ်ယောက်အကြောင်းလဲ ကြားမိတယ်...ခုလိုအရာရာကိုကျော်လွှားပြီး ပေါင်းဖက်နိုင်တာ တကယ်ကို ဝမ်းသာရပါတယ်..."

"အမှန်ပြောရရင် ကျွန်တော် ခုလိုတွေဖြစ်လိမ့်မယ်လို့တောင် မထင်ထားမိပါဘူး...မျှော်လင့်ချက်လေးပြည့်လာတော့လဲ အရမ်းပျော်မိတယ်..."

"ပါပါးးးးး"
ဇေလပြည့် လေး ပြေးလာသောကြောင့် လပြည့်ဝန်း လဲ ကောက်ချီလိုက်ကာ
"Daddy ဆီမှာ မနေဘူးလား"

"နေပါတယ်...ပါပါးကိုလဲ သတိရလို့"
"ဟားးးစကားတတ်လေးပဲ"

သားအဖနှစ်ကိုကြည့်လိုက်ပြီး ထူးစစ်သော် ပြုံးမိသည်။ အစ်ကိုကော ဒီလိုမိသားစုလေးရရင် ပျော်ရွှင်မှာလားဟင်...
.
.
.
ကုတင်အစွန်းတွင်ထိုင်ရင် နှစ်ယောက်သား တင်းကြပ်နေအောင်ဖက်ထားမိသည်။
"အစ်ကို ရေချိုးတော့လေ..."
"အတူတူချိုးရအောင်...."

"အာ...အစ်ကိုကလဲ...."
ရှက်နေသူလေးကိုကြည့်ရင်း လွန်းထက်သာ အသည်းယားကာ နှာခေါင်းလုံးလုံးလေးကို ညှစ်လိုက်ပြီး...
"ဟုတ်ပါပြီကွာ...ညီအရင်ချိုးလိုက်လေ..."

"ဟုတ်" ဟုဆိုကာ လှစ်ခနဲပြေးဝင်သွားလေတော့...
.
.
.
လွန်းထက်သာ ရဲ့ ဆံပင်တွေကို လေမှုတ်ဆက်နဲ့ မှုတ်ပေးနေရင်း
"အစ်ကို"
"ဗျာ..."

"ဟိုလူတစ်စုကလဲ အစ်ကို့လက်ချက်ပဲလား"
"ဟီးးးး"

စပ်ဖြီးဖြီးလုပ်နေသောကြောင့် မေးစရာပင်မလိုတော့....
"ဘယ်လိုတွေတောင် idea ရသွားရတာလဲ"
"ညီပဲစဥ်းစားလေ...ညီက ရဲမှူးတစ်ယောက်...သာမာန် romantic ဆို ဘယ်ရင်ခုန်ဖို့ကောင်းမလဲ....တိုက်ခိုက်တာလေးပါတော့...ဟီးး"

Near the love (Complete)Where stories live. Discover now