Near the love 31

614 39 10
                                    

Uni

အစ်ကိုလေးက ပန်းမျိုးအသစ်တွေဝယ်ပေးထားတာကြောင့် စမ်းစိုက်ကြည့်ရင်းလူကအလုပ်ရှုပ်နေလေသည်။ ခြံထဲတွင် အလုပ်သမားတစ်ယောက်နဲ့ မိမိလဲ ပန်းတွေပြန်ပြုပြင်ရင်းအလုပ်ရှုပ်နေလေသည်။

ထိုအလုပ်သမားလေးမှာ မိမိထက် ငယ်သော်လဲ စကားပြောသွက်ပြီး ဖော်ရွေတာကြောင့် Bing နဲ့လဲ ရင်းနှီးနေလေသည်။

"ဒါလေးတွေက ရေအများကြီးလောင်းရင်သေတယ်တဲ့...."
"ဟုတ်တယ် ဒါကြောင့် မင်းကို ရေသိပ်မလောင်းဖို့ရယ် မိုးရေတွေမထိဖို့ရယ် ဂရုစိုက်မှာနေတာပေါ့...."

တိုင်းရင်သားလေးဖြစ်သော်လဲ မြန်မာစကားကိုပီပီသသပြောနိုင်သေးသည်။ ဒီကောင်လေးနဲ့ Bing လဲ သူငယ်ချင်းတွေလိုတောင်ဖြစ်နေလေပြီ....

"အ့..."
သတိမထားမိဘဲ ရှေ့က နှင်းဆီပန်းကိုကိုင်လိုက်မိသောကြောင့် Bing လက်ဆူးသွားလေသည်။ ထိုကောင်လေးလဲ ပြာပြာသလဲ အနားသို့ရောက်လာကာ သွေးထွက်နေသော လက်ကို သွေးတိတ်စေရန် ပါးစပ်ထဲထည့်ကာ ငုံစုပ်လိုက်သည်။

"ခဏ...မဟုတ်ဘူး..." Bing က ရုန်းသော်လဲ ထိုကောင်လေးမှာ အလွတ်မပေးဘဲ လက်ကိုကိုင်ကာ စုပ်နေမြဲ....

"တောက်...."
'ခွပ်....ခွပ်....ခွပ်.....'  တောက်ခေါက်သံနှင့်အတူ အဆက်မပြတ်ကျရောက်လာသော လက်သီးချက်တွေကို ထိုကောင်လေး ရှောင်ဖို့ပင်မရတော့...

လဲကျသွားတာနဲ့ အပေါ်ကနေ တတ်ခွကာ ထိုးနေမြဲ...
"အစ်ကိုလေး ......တော်တော့နော်.....အစ်ကိုလေး!! သူသေတော့မယ်လို့!!!"

Bing ရဲ့စကားကြောင့် Don ရပ်သွားကာ
"ဘာလဲ....မင်းအကောင်ကိုထိတော့ နာတာလား...ဟမ်!!
အေး ... စိတ်ချ ငါကလဲ အသေကိုသတ်ပေးမယ်"
ဆိုကာ ထိုကောင်လေးကို ဆံပင်ကနေ စောင့်ဆွဲရင်း တရွတ်တိုက်ခေါ်သွားလေသည်။

Bing လဲ လန့်သွားကာ လိုက်တားဖို့ရွယ်လိုက်ပင်မဲ့ လူနှစ်ယောက်က Don ရဲ့ အချက်ပြမှုကြောင့် Bing ကို ချုပ်လိုက်လေသည်။

"ဘာလုပ်တာလဲ...လွှတ်!!!"

"Baby သိပ်ဆိုးတယ်။ ကိုယ်က ချစ်လို့ ခုလိုတွေအခွင့်အရေးပေးနေတာကို baby က အလွဲသုံးစားလုပ်ပြစ်တယ်။ ကိုယ်ကလဲ ကိုယ်ယုံကြည်ထားတဲ့သူ သစ္စာဖောက်ရင် ဘယ်လိုတုန့်ပြန်လဲဆိုတာပါ ပြရမယ်။"

Near the love (Complete)Hikayelerin yaşadığı yer. Şimdi keşfedin