Near the love 3

1.1K 87 0
                                    

Uni

ဥက္ကာ ပိုင်တဲ့ Sushi ဆိုင်ရှေ့ကားနှစ်စီးမှာ ရှေ့ဆင့်နောက်ဆင့်ရောက်လာလေသည်။ ဥက္ကာကိုတော့ အရင်ပြန်ခိုင်းလိုက်သည်လေ...

VIP Roomကိုယူထားလိုက်ကာ ကားပေါ်ကဆင်းထဲက လက်ကိုသေချာတွဲထားကြသော နှစ်ယောက်ကိုကြည့်ရင်း မြင့်မိုရ်ရိပ် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

Sushiတစ်ခုပြီးတစ်ခုကိုလဲ စိတ်တိုင်းကျပန်းကန်ထဲထည့်ပေးနေပြန်ရော....
မြင့်မိုရ်ရိပ် တစ်ယောက်ကတော့ တူကိုလက်ကကိုင်ထားရင်း ရှေ့ကနှစ်ယောက်ကိုကြည့်ကာ ငေးငိုင်လျက်......

"စားလေ...မမြင့်မိုရ်ရိပ်...မကြိုက်လို့လား"
"အာ...မ...မဟုတ်ပါဘူး...ဒါနဲ့...သူက"
လပြည့်ဝန်း ကိုလက်ညှိုးထိုးကာမေးသောသူမ....

"သူလေးက ကျွန်တော့်ခင်ပွန်းလေးလေ လပြည့်ဝန်း တဲ့။ ကလေး...သူမက မြင့်မိုရ်ရိပ် တဲ့ ကိုယ့်ရဲ့စီးပွားဖက်..."

လပြည့်ဝန်း ၏ ဖြူစင်သောအကြည့်လေးက သူမကို တဒင်္ဂငြိမ်သက်သွားစေသည်။
"မင်္ဂလာပါ မမ..."
"ဟုတ်ကဲ့...."

"စားလေ...ကလေး...ဘာသောက်ဦးမလဲ"
"မသောက်ချင်တော့ဘူး ဗိုက်တင်းနေပြီ"

ရှေ့ကနှစ်ယောက်ကိုကြည့်ကာ သူမငြိမ်သက်သွားမိသည်။ သူမသဘောကျတဲ့သူက အိမ်ထောင်နဲ့လား ပြီးတော့ အိမ်ထောင်ကယောက်ျားလေးတဲ့လေ.....
____________

📱သားရယ်...နှစ်နှစ်တောင် ကျော်နေပြီ အဖေ့ဆီ ပြန်လာပါဦးလား။ ငါ့သားကိုတွေ့ချင်လှပြီကွာ📱
ဖခင်ဖြစ်သူ၏ စကားကြောင့် လွန်းထက်သာ လဲ စိတ်မကောင်းဖြစ်မိသည်။

ဟုတ်လဲဟုတ်ပါတယ်။ ရှိတာမှဖခင်တစ်ယောက်ကို ခုလိုပြစ်ထားမိပြန်သည်။
"ဟုတ်ကဲ့ပါ အဖေ ဒီမှာလက်စသတ်ပြီး ကျွန်​တော်ပြန်လာခဲ့ပါ့မယ်။ ခုတလောကမှ မတော်တဆ ဖြစ်ထားလို့ သားလက်လွှဲလို့မရသေးလို့ပါ...သားတောင်းပန်ပါတယ်။"

📱တောင်းပန်ဖို့တော့မလိုပါဘူးကွာ...သားအဖတွေပဲနော့်...ဒါဆိုဒါပဲနော်သား📱
"ဟုတ်ကဲ့ အဖေ ဆေးလဲပုံမှန်သောက်နော်"

အဖေကကျန်းမာရေးလဲသိပ်မကောင်းတော့တာကြောင့် မိမိပြန်မှဖြစ်တော့မည်။ ဒီမှာအားလုံး လက်လွှဲလို့ရတာနဲ့ မြန်မာပြည်ကိုပြန်တော့ဖို့ လွန်းထက်သာ ဆုံးဖြတ်လိုက်တော့သည်။

Near the love (Complete)Where stories live. Discover now