Near the love 41

564 40 18
                                    

Uni

Notebook ကို စိတ်ဝင်တစားကြည့်နေကာ ဘာတွေလုပ်မှန်းမသိလုပ်နေသော လပြည့်ဝန်း....
ဇေရဲမာန် လဲ ရေချိုးခန်းထဲက ထွက်လာပြီး ခေါင်းကိုသုတ်နေလေသည်။ ခါးတွင်လဲ သပါတ်တစ်ထည်တည်းဖြင့်....

ခေါင်းသုတ်နေရင်းကြည့်နေတာ မိမိဆီ အာရုံမရောက်လာသေးသူကြောင့် ဇေရဲမာန် အလိုမကျဖြစ်လာလေသည်။ အရင်ကဆို မိမိခေါင်းလျှော်တာသိတာနဲ့ ပြေးလာကာ လာသုတ်ပေးတတ်တဲ့သူ...

ခုတော့ မိမိကိုပင်ရှိတာ မေ့နေတာလား....

ဇေရဲမာန် လဲ စိတ်ကကောက်ချင်သော်ငြား မိမိစိတ်ကောင်ရင်တောင် ကလေးက မသိဖြစ်နေမှာ သိတာကြောင့် ခြေရင်းနားသို့တိုးသွားကာ ခြေဖမိုးလေးအား အနမ်းပေးလိုက်တော့
"ဟာ...ကိုကို ငရဲတွေကြီးတော့မှာပဲ"
"လာပြန်ပြီ ကိုကိုက ခွင့်လွှတ်ပြီးသား ကြည်ဖြူပြီးသား ဒါတွေ မလိုပါဘူးကွာ"

"ဘယ်ရမလဲ ကိုကိုက အိမ်ထောင်ဦးစီးပဲ....သားက ရိုသေရမှာ"
အတတ်ကလေးတစ်ယောက်လိုပြောနေပုံက ဇေရဲမာန် တကယ်အသည်းယားလာလေသည်။ ဒါပင်မဲ့ မဖြစ်သေး ခုနက စိတ်ကောက်ရန် ရည်ရွယ်ထားသည်မဟုတ်လား....

"ထားပါတော့...ခုကိုယ်စိတ်ဆိုးနေတယ်"
"ဟင်....သား ဘာလုပ်မိလို့လဲ" ဆိုကာ အနားကိုချက်ချင်းကပ်လာပြီး အနောက်ကနေ ခါးကို သိုင်းဖက်လိုက်လေသည်။

"စဥ်းစားကြည့်ပေါ့"
"ဟွန့်...သားကမသိဘူးဖြစ်နေတယ်လေ။ ကိုကိုပြောပြပါနော်"

ပုခုံးပေါ်ကိုပါ မေးတင်ပြီး အပြီချွဲနေသူကြောင့် ဇေရဲမာန် မှာ တော့ ဘယ်တောင့်ခံနိုင်ရိုးလဲ....

"ခုနက ကိုယ့်ကို ဂရုမစိုက်ဘဲ အဲ့ Notebook ပဲ အာရုံစိုက်နေပြီးတော့"
"ဟင်....အော်...ဒါလား...ဘာပဲဖြစ်ဖြစ်တောင်းပန်ပါတယ်နော်..."

စကားပြန်မရသောကြောင့် လပြည့်ဝန်း ချော့ရန်အလည့်ကျရောက်လာမှန်းသိလိုက်လေပြီ....

"နော်...လို့...မွ" သံရှည်ဆွဲကာ ချွဲရင်း လည်ဂုတ်အားနမ်းလိုက်တော့ တောင့်ခနဲဖြစ်သွားတာကိုသိလိုက်သည်။

ထို့နောက်လက်ကိုလဲ အောက်သို့လျှောဆင်းလိုက်ကာ ခါးရှိ သပါတ်အပေါ်ကနေ တစ်နေရာရာအား ညင်သာစွာ ထိကိုင်လိုက်လေသည်။ ဒီတော့ ဇေရဲမာန် ရဲ့စိတ်ရိုင်းတွေမှာ တစ်ဟုန်ထိုးမြင့်လာပြီး။အသက်ရှူသံတွေပါ ပြင်းလာလေသည်။

Near the love (Complete)Where stories live. Discover now