Near the love 14

845 60 3
                                    

Uni

"ဒါ..ဒါ...က"
"ဟုတ်တယ်...babyအတွက်"

ခမ်းနားလှသော ဆိုင်ထဲတွင် barပါအပါအဝင် အစားအသောက်လဲစုံလင်စွာ ရနိုင်သော restaurant ပင်။

"ဒါတကယ်...ကျွန်တော့်အတွက်...ကျေးဇူးတင်ပါတယ်.... "
ပျော်ရွှင်နေသော baby မျက်နှာလေးကြောင့် Death ပါ စိတ်ချမ်းသာပင်မဲ့ တစိမ်းဆန်ဆန် ကျေးဇူးတင်စကားကြောင့် Death စိတ်မကောင်းတော့ဖြစ်သွားသည်။

"baby ကြိုက်ရဲ့လား"
ခေါင်းလေးကို တွင်တွင်ငြိမ့်ပြလာသူလေး...
ဆိုင်အပေါ်ထပ်ကော အောက်ထပ်ကောပါ လိုက်ကြည့်နေလေသည်။

"ကဲ...ဒါဆို....baby ဘယ်ချိန်ကစပြီး ဆိုင်ကိုဦးစီးမှာလဲ..."
"မနက်ဖြန် စမှာပေါ့...ပြီးတော့လေ ကျွန်တော် က ခုမှစလုပ်မှာဆိုတော့"

"စိတ်ချ... ကိုယ်သင်ပေးဖို့ လူတစ်ယောက် ငှားထားပြီးပြီ သူက baby ကိုသင်ပေးလိမ့်မယ်...."
"ဟုတ်..."

ဒီလိုနဲ့ ဆိုင်လေးက ထူးစစ်သော် ဦးစီးဖို့ဖြစ်လာသလို ပျော်ရွှင်စရာတွေ စိတ်ချမ်းသာစရာတွေပါ ဖြစ်လာဖို့ ဖန်လာပါသည်။
_____________

"ကိုဥက္ကာ...."
"ဟာ....လပြည့်ဝန်း....boss မသိဘူးထင်တယ်"

ခုလိုရုံးထိ လပြည့်ဝန်း ရောက်လာမှာကို ဆရာကငြိမ်နေပုံထောက်ရင် မသိသေးတာသေချာတယ်မှန်း ဥက္ကာသိလေသည်။

"ဟုတ်....ဒါလေး ကိုင်ထားပေးပါဦး"
လက်ထဲ ဘူးကို ဥက္ကာလဲ ကိုင်ထားပေးလိုက်သည်။

"ကဲရပြီ...ပေးတော့...ကိုဥက္ကာတံခါးဖွင့်ပေးပါလား ဟီးးး"
"ဟုတ်ကဲ့ပါ...ဗျာ.."

"1...2...3...."
"Happy birthday ကိုကို!!!"

ဥက္ကာ တံခါးဖွင့်ပေးတာနဲ့ လပြည့်ဝန်း က ကိတ်မုန့်နဲ့အတူ ကိုကို့ကို suprise လုပ်တော့သည်။

"ဟင်...ကိုကို..."

ဥက္ကာ တကယ်မေ့သွားလေသည်။ အထဲတွင် မြင့်မိုရ်ရိပ် ရှိနေသေးသည်ပဲ....

"ကလေး...."
"သြော်....လပြည့်ဝန်း ပါလား"

ကိုကို့ရင်ခွင်ထဲကနေ လှမ်းပြောနေသောသူမ။ ကိုကိုက ကျွန်တော့်ကို မြင်တာနဲ့ ထိုမိန်းမကိုတွန်းထုတ်လိုက်လေသည်။

Near the love (Complete)حيث تعيش القصص. اكتشف الآن