Part.1 (U)

60.7K 2.1K 165
                                    

ကျွန်တော်တို့ရွာလေးသည် အေးချမ်းသာယာဝပြောသော ရွာလေးတစ်ရွာဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်နားက ရွာလေးတစ်ရွာဖြစ်သော်လည်း မိုးခေါင်ရေခြားခြင်းမရှိ။ အလျဥ်းစည်ပင်ဝပြောသော ရွာလေးဖြစ်သည်။ သို့သော် မိုးခေါင်ရေခြားမှာထက် ပိုကြောက်ရတဲ့သူတစ်ယောက်တော့ရှိသည်။ သူကတော့ ဓားပြမိုးညိုထင်ဆိုသူဖြစ်သည်။ မိုးညိုထင်ဆိုတဲ့ ဓားပြဟာ သူတို့ရွာနားတဝိုက်က ရွာအချို့ကိုဝင်စီးတဲ့သတင်းဟာ တခနလေးအတွင်း တောမီးပမာပျံ့နှံ့သွားလေသည်။ ရွာနီးတလျှောက် ဓားပြတိုက်ခံနေရသော်လည်း သူတို့၏ရွာလေးသည် အခုချိန်အထိ နားအေးလို့နေသည်။ ရွာထဲတွင် သူခိုးဂျပိုးများမရှိတဲ့အပြင် အရက်မူးပြီးရမ်းကားသူများပါမရှိပါ။ ဦးအောင်နိုင်သူဆိုတဲ့ သူကြီးဆိုသည်မှာ သာလွန်ချမ်း၏ဖခင်ဖြစ်သည်။ ဦးအောင်နိုင်သူသည် သူကြီးမျိုးရိုးကဆင်းသက်လာသူဖြစ်ကာ ရွာကိုတရားဥပဒေနဲ့အညီအုပ်ချုပ်လို့နေခဲ့သည်မှာ အနှစ်၂၀ကေျာ်ခဲ့ပြီလေ။ သာလွန်ချမ်းဆိုတဲ့သူတောင် အသက်၂၀ပြည့်ခဲ့ပြီဆိုတော့ စဥ်းသာစဥ်းစားကြည့်တော့။

ဦးအောင်နိုင်သူသည် သူ၏ရွာလေးကို လုံခြုံအောင် ရွာထဲက ကာလသားများကိုခေါ်ယူကာ ရွာပတ်ပတ်လည်တွင် ခြံစည်းရိုးများခတ်ထားသည်။ ရွာအပြင်ကိုညအချိန်မတော်မထွက်ရဆိုတဲ့အမိန့်ကိုလဲ ထုတ်ပြန်ထားတာမို့ ရွာထဲက ရွာသူရွာသားအချို့သည် အကြောင်းအရင်းခိုင်ခိုင်မာမာမရှိဘဲ ညကြီးမိုးချုပ်ရွာ့အပြင်ကိုထွက်လေ့မရှိ။ ရှိခဲ့လျှင်လဲ ဦးအောင်နိုင်သူ၏ခွင့်ပြုချက်ကို ယူရသည်မဟုတ်လား။ အဲ့ဒီလိုခွင့်ပြုချက်မယူဘဲ ထွက်သွားပါက ဖြစ်သမျှကို ထိုသူတွေကိုယ်တိုင်မှာ တာဝန်ရှိကြောင်း၊ သူကတော့ ဘာမှလိုက်လုပ်မပေးနိုင်​ကြောင်းကိုပါ တပါထဲပြောထားသည်။ ဦးအောင်နိုင်သူသည် ကိုယ်ခံပညာအနည်းအကျဥ်းတက်ထားသူဖြစ်ရာ တော်ရုံသူခိုးဂျပိုးလောက်ကိုတော့စာမဖွဲ့။ ဒါ့ကြောင့်လဲ ဦးအောင်နိုင်သူကို ရွာသူရွာသားများက လေးစားတဲ့အပြင်ချစ်ကြောက်ရိုသေကြလေသည်။

" ရှင်မရေ ရေနွေးကြမ်းလေးနဲ့ လက်ဖက်ကလေးလုပ်ပါအုံးကွာ။ ငါးရံ့ခြောက်ကလေးကော။"

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now