Part.6 (Z)

6K 243 5
                                    

ရွာထဲရှိ ကင်းတဲဆီမှ သံချောင်းခေါက်သံကြောင့် ရွာသူကြီးဖြစ်တဲ့ ဦးအောင်နိုင်သူအပြင် ဇနီးသည်ဒေါ်မေးလေးပါ လန့်နိုးလာသည်။

" မိန်းမဒါရွာထဲက ကင်းတဲကအချက်ပြတဲ့အသံပဲ။ တစ်ခုခုတော့ တစ်ခုခုပဲ။ ရွာထဲကိုဓားပြတွေများဝင်လာတာလားမသိဘူး။ "

ဦးအောင်နိုင်သူတစ်ယောက် မိန်းမဖြစ်သူကိုပြောရင်း အိပ်ယာကနေထ၊ သူ့၏လက်ဆွဲတော်နှစ်လုံးပြူးကြီးကို ဆွဲကိုင်လိုက်သည်။ ထိုအချိန်တွင် သာပုကငယ်သံပါအောင် အောက်ထပ်ကနေတကြော်ကြော်အော်ခေါ်လေတော့သည်။

" သူကြီး၊ သူကြီးရေ။ ရွာထဲကို ဓားပြဗိုလ်မိုးညိုထင်တို့ဝင်လာတယ်တဲ့။"

ဒေါ်မေလေးတစ်ယောက် မိုးညိုထင်ဆိုတဲ့နာမည်ကြောင့် ခါးကလေးမတ်သွားရသည်။

" အမေ၊ အဖရွာထဲကိုဓားပြတွေဝင်လာတယ်တဲ့။ "

" သူကြီးရေ သူကြီး။ "

ဦးအောင်နိုင်သူခြံဝန်းထဲသို့အပြေးရောက်လာတဲ့ ရွာသူရွာသားများသည် တုတ်၊ ဓားလက်နက်မျိုးဆုံကို ကိုင်ဆောင်ထားကြသည်။

" ရွာထဲမှာ သံချောင်းခေါက်သံကြားသဟ။ ဘာများဖြစ်လို့လဲဟေ့။"

ဦးအောင်နိုင်သူတစ်ယောက် သေနတ်ကြီးတကားကားနဲ့ အိမ်အပေါ်ထပ်ကနေ ပြေးဆင်းလာပြီး ရွာသားများကိုမေးလိုက်သည်။ပြူးပြာနေတဲ့ရွာသားတွေဟာ အလောတကြီးပြေးလာကြတာမို့ ချက်ချင်းနဲ့သူ့ကိုစကားပြန်မပြောနိုင်ကြ။

" သူကြီးမင်း အခုရွာထဲကို ဓားပြတွေဝင်လာတယ်တဲ့။"

" မင်းတို့ဟာကလဲ သေချာရဲ့လားကွယ်။ ငါ့နားရှိလို့သာကြားရတယ်။ တို့ရွာရဲ့ ခြံစည်းရိုးက တော်ယုံသူခိုး ဓားပြလောက်ကတော့ ကျော်ဝင်မလာနိုင်ဘူးလေ။"

အစောနကသာပုကပြောပေမယ့် သူကြီးဖြစ်တဲ့သူက မယုံကြည်နိုင်။ သာပုကဘယ်လိုလုပ်ပြီး အိမ်မှာနေပြီး သိနေရသလဲ သူတွေးမရ။

" အို..တော်ကလဲ။ အခုကတော်ရုံဓားပြမဟုတ်ဘူးလေ။ အခုကဓားပြဗိုလ်မိုးညိုလေ။ ရှင်မေ့နေရော့သလား။ "

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now