Part.38 (U)

4.8K 371 9
                                    

တိုက်မောင်းရွာထဲကိုဝင်လာစဥ် သူမမြင်ဖူးတဲ့ လူတစ်စုကိုတွေ့ရလေသည်။ မျက်နာစိမ်းနဲ့လူတစ်စုဟာ မြတ်သာပြောပြထားသလို ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ပေါ့။ သူတို့အဖွဲ့ဟာ ဟိုဟိုဒီဒီနဲ့ကြည့်နေကြသည်မှာ တစ်ခုခုကိုလုပ်ရန် ကြံစည်နေတယ်လို့ တိုက်မောင်းစိတ်ထဲထင်နေမိသည်။ တစ်ခုခုကိုကြံစည်နေလေသလားမပြောတက်။

ပေစောင်းစောင်းနဲ့ကြည့်သွားတဲ့လူစိမ်းအကြည့်ကို တ်ိုက်မောင်းမနှစ်မြို့ချေ။

" ခင်ဗျားရောက်နေပြီလား။ "

မြတ်သာကိုတွေ့တာနဲ့ တိုက်မောင်းစကားဆိုလိုက်သည်။

" ငါရောက်နေတာနည်းနည်းတောင်ကြာလို့နေပြီ။ မင်းကရောက်မလာသေးလို့ စိတ်တောင်ပူနေတာ။ "

" ဘာစိတ်ပူစရာရှိလို့လဲ ခင်ဗျားရာ။ ဒီလမ်းဒီခရီးဆိုတာ ကျုပ်သွားနေကျပါ။ ဘာမှစ်ိတ်မပူနေနဲ့။ "

ရွာတောင်ပိုင်းကမန်ကျီးပင်အောက်မှာတွေ့မယ်လို့ တိုက်မောင်းချိန်းလိုက်ကတည်းက မြတ်သာတစ်ယောက်အပျော်လွန်ကာ အစောကြီးကတည်းကရောက်နေခဲ့တာဖြစ်သည်။ သူနဲ့တိုက်မောင်းမတွေ့ရတာ တပတ်တောင်ကြာခဲ့ပြီလေ။ ချစ်ရသူရဲ့မျက်နာလေးကိုမမြင်ရတော့ မြတ်သာတစ်ယောက် နေမထိထိုင်မသာအခြေအနေနဲ့ ဘာမှလုပ်ချင်စိတ်ကိုင်ချင်စိတ်ပင်မရှိခဲ့။ အချိန်တိုင်းသူ့ကိုပဲသတိရနေခဲ့တာဖြစ်သည်။

" လွမ်းလိုက်တာဗျာ။ မင်းကတော့ဘယ်ပျိုမဒီလေးတွေနဲ့သာယာနေမလဲမပြောတက်ဘူး။ "

" ရော ခက်ပါသလားခင်ဗျားလေးရာ။ ကျုပ်မှာဘယ်ကပျိုမဒီဆိုတာရှိရမှာလဲ။ အော် ဟုတ်သား။ ကျုပ်မှာချစ်ရတဲ့ပျိုမဒီလိုချစ်စရာကောင်းတဲ့သူတစ်ယောက်တော့ရှိတယ်ရယ်။ "

မြတ်သာလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ သူနဲ့မတွေ့ရတဲ့တပတ်အတွင်းမှာ တိုက်မောင်းကဘယ်ကပျိုမဒီနဲ့တွေ့သွားချစ်သွားရပါလိမ့်။ မြတ်သာဝမ်းနည်းသွားရသည်။ တိုက်မောင်းကိုသူအရာအားလုံးနဲ့လဲပြီးချစ်ခဲ့ရတာမဟုတ်လား။ မိသားစုကိုအတိုက်အခံမလုပ်ရသေးပေမယ့် ဖြစ်လာမည့်အရေးတွင် သူတိုက်မောင်ဘက်ကနေပါဝင်မှာဖြစ်သည်။ အခုတော့သူမဟုတ်တဲ့အခြားသူကို ချစ်မိနေပြီဆိုတဲ့ တိုက်မောင်း၏စကားတွေကြောင့် သူအရမ်းဝမ်းနည်းရပါသည်။ မြတ်သာမျက်ဝန်းအိမ်ထဲမှာ မျက်ရည်ကြည်များပင်ဝေ့သီလာတော့သည်။ ကျလုဆဲဆဲမျက်ရည်များကို မကျအောင်သူ၏မျက်တောင်များနဲ့ ပုတ်ခတ်ကာထိန်းထားရသည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now