" အို...အမေ့"
လှထိပ်ထားခင်တစ်ယောက် အိမ်အပေါ်ထပ်ကနေ လှေကားတစ်လျှောက်ပြေးဆင်းလာတဲ့အခါ မမျှော်လင့်ပဲ ခြေခေါက်ကာ လှေကားပေါ်က ရုတ်ရင်းဆန်ခတ်ဖြစ်ကာ လိမ့်ကျတော့သည်။ သူမသည်ကြောက်လွန်းလို့ မျက်စိအစုံကိုမှိတ်ထားမိတဲ့အထိပင်။ သူမထင်တာက အနည်းဆုံးတော့ သူမလိမ့်ကျတာ ခေါင်းကွဲ၊ လက်ကျိုးပေါ့။ အခုတော့သူမထင်သလိုမဟုတ်။ သူမရဲ့ကိုယ်လုံးလေးဟာ တောင့်တင်းသန်မာတဲ့ အရာတစ်ခုက ထိန်းပေးထားပြီး သူမဟာလေထဲလွင့်နေသလိုခံစားရသည်။ သူမကြောက်လွန်းလို့ အသားများပင်တဆတ်ဆတ်တုန်လို့နေသည်။ ကြောက်ရွံလွန်းလို့ အသက်ပင်မရှုရဲသလို မျက်လုံးတို့ကိုလဲ တင်းကြပ်စွာမှိတ်ထားလေသည်။
ရာဇသည် မမလေးလှိမ့်ကျလာမည်အရေးကို မြင်မိတာကြောင့် သူ၏ရှည်လျားတဲ့ ခြေတံတွေနဲ့လှေကားထစ်များကို ကျော်လွန်လာခဲ့သည်။ လဲကျလာတဲ့ ကိုယ်လုံးလေးကို အလိုက်သင့်စွာပွေ့ထိန်းထားရင်း ကြောက်ရွံ့နေတဲ့ မမလေးမျက်နာကို ရာဇစိုက်ကြည့်နေမိတော့သည်။ နှုတ်ခမ်းသားတွေ တုန်ရီနေသည်မှာ သူမဘယ်လောက်တောင် စိုးရိမ်ထိတ်လန့်ပြီး ကြောက်သွားမလဲဆိုတာကို ရာဇရိပ်မိပါသည်။
" အို...ဘာတွေဖြစ်နေတာလဲ။ "
လှညိုတစ်ယောက် နောက်ဖေးမီးဖိုချောင်ကနေထွက်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းအချို့ကြောင့် မျက်နာကိုလက်နဲ့အုပ်ကာ ဆိုလိုက်သည်။ သူမပုံက သူမမြင်ရတဲ့အရာကို ရှက်ရွံ့သလို လက်အုပ်ထားပေမယ့် သူမရဲ့မျက်လုံးတွေကတော့ လက်ကြားမှကျော်လွန်ကာကြည့်နေမိတာအမှန်ပါ။
" အာ...ကြီးညို။ မမလေးလှေကားပေါ်ကနေ ချော်လဲကျလာလို့ ကျွန်တော်ကထိန်းပေးထားတာပါ။ "
" ကြီးညို"
" ရှင်"
" အဲ့တာက ဘာဖြစ်နေတာလဲ။ မသိရင်ထိပ်ထားတို့က မဟုတ်တာလုပ်နေလို့ မကြည့်ရဲတဲ့ပုံစံလိုဖြစ်မနေဘူးလား။"
ထိပ်ထားလဲ ရှက်ရှက်နဲ့ ကြီးညိုကိုသာမည်းတော့သည်။ ဟိုအမောင်ကလဲ သူမကိုဖက်ထားလိုက်တာ သူမတစ်ကိုယ်လုံး သူရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ နစ်မြှုပ်လို့။
YOU ARE READING
ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete)
Fantasyပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2022