Part.20 (U)

8.7K 515 14
                                    

ရန်ဖြစ်ခြင်းကို ဝင်တောင်မဆွဲ။ လမ်းဘေးတစ်နေရာမှာ ရပ်ကာလက်ပိုက်ကြည့်နေတဲ့ မိုးညိုထင်။ ငါးယောက်တစ်ယောက်ဆွဲနေတဲ့ သူ့ရဲ့သာကူမုန့်လေး။ အမူးသမားငါးယောက်ကတော့ သာကူလေးရဲ့ ထိုးချက်တွေကိုအလူးအလဲခံနေရတာကိာ မိုးညိုထင်မြင်ရတော့ ကျေ
နပ်မိတဲ့စိတ်ကြောင့် သူ့နှုတ်ခမ်းလေးမသိမသာအပေါ်သို့ကွေးတက်သွားလေသည်။ ညဖက်မှာ လမသာကြယ်ရောင်လေးနဲ့တောက်ပနေတဲ့ လကွေးခြမ်းကလေးလို့ ထင်မှတ်မိတဲ့အထိ။

ကြွက်နီနဲ့သူ့ရဲ့နောက်က တပည့်တပန်းအချို့ကိုပါ သာလွန်ချမ်းမြေပြင်ပေါ်သို့လှဲသိပ်လိုက်သည်။ သာလွန်ချမ်း ကိုယ်ပေါ်မှပေရေနေတဲ့ ဖုံစအချို့နဲ့ပေကပ်နေတဲ့အမှိုက်စအချို့ကို ခါခပ်လိုက်သည်။

" မနက်စောစော တရေးလောက်ပြန်အိပ်လိုက်ကြအုံး။ "

သာလွန်ချမ်းအားရကျေနပ်စွာ မျက်နာပေးနဲ့ပြောလိုက်သည်။

" ဖြောင်း ဖြောင်း။ ဒါမှဓားပြဗိုလ်ခေါင်းဆောင်ရဲ့လင်လေး။ "

လက်ခုပ်သံကြားမှ သာလွန်ချမ်းသတိဝင်လာသည်။ ဘေးနားမှာရှိရဲ့သားနဲ့ တစ်ယောက်ထဲ လွှတ်ထားတဲ့ ညိုတုတ်။ သာလွန်ချမ်းမကျေနပ်သောကြောင့်
မျက်ထောင့်နီနဲ့ အသံကြားရာ ညိုတုတ်ဆီကို မျက်စောင်းကဒိုင်းခနဲ။

" အခုမှ။ အစောနကကျုပ်ကိုတစ်ယောက်ထဲ လွှတ်ထားရက်တယ်နော်။ "

အများနဲ့တစ်ယောက်မို့ သာလွန်ချမ်းမျက်နာနဲ့ လက်တွေသာမက အချို့နေရရာတွေမှာ ဒဏ်ရာဗရပွကြဲလို့နေသည်။ လက်ကဒဏ်ရာအချို့ကိုကြည့်ရင်း သာလွန်ချမ်းမကျေနပ်စွာနဲ့ မြည်တွန်တောက်တီးမိပြန်သည်။

" Babyရဲ့လက်စကိုသိနေတာကြောင့် ဝင်မပါတာလေ။ ကိုယ်မှမလိုတာ babyကလဲ။ မဟုတ်ဘူးလား။ "

မိုးညိုထင်ကဓားပြဗ်ိုလ်လို့သာဆိုတယ် သာကူမုန့်လေးလောက် လက်စလက်နမပြင်း။ သာကူလေးကတော့ ထိုသို့မဟုတ် လက်စကပြင်းသည်။ တစ်ဖက်ကလူများတယ်ဆိုတာတောင် အလူးအလဲနဲ့ လဲကျနေတဲ့သူက ကြွက်နီတို့အဖွဲ့ပင်။

" ကဲ...ဘာဖြစ်သွားသေးလဲလို့ ကိုယ်မမေးတော့ဘူး။ ဒဏ်ရာတွေကို ကိုယ်ကဆေးထည့်ပေးမယ်။ "

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now