မနက်ခင်းမိုးလင်းတာနဲ့ ရွာထဲမှာဆူညံပွက်လောရိုက်နေတော့သည်။ ရွာဘုန်းကြီးကျောင်းရှေ့ကဘုရားမှာ ထာပနာအဖောက်ခံရတယ်ဆိုတဲ့သတင်းဟာ တောမီးပမာပျံ့နှံ့လို့နေတော့သည်။ စပါးကျည်ကိုမီးနဲ့ရှို့လိုက်သည့်နှယ် ကြွက်များထွက်ပြေးလာသလို ဆူညံနေတော့၏။
" ညက ဒို့ရွာဘုရားအဖောက်ခံရလို့တဲ့။ "
" ဟုတ်ပအေ။ ဘယ်သူခိုး၊ ဂျပိုးတွေကများ ဘုရားထာပနာကိုတောင်မရှောင် လုပ်ရဲရတာလဲမသိဘူး။ဘုရားထာပနာကိုဖောက်ရဲတာလဲမသိဘူး။ ငရဲကျမယ့်ကောင်တွေ။ "
" အမလေးအေ ငရဲမကြောက်ကျလို့ ဘုရားမြေထဲလာပြီး ဘုရားကပစ္စည်းတွေကို မတရားခိုးယူခဲ့တာလေ။ "
တစ်ယောက်တစ်ပေါက်နဲ့ ရွာလမ်းမအတတိုင်းး သူကြီးအိမ်ကိုတစ်ရွာလုံးကလူတွေချီတက်လို့လာခဲ့ကြသည်။
" ဗျို့သူကြီး ဗျို့သူကြီး "
" ဟေ့ လူစုံတက်စုံပါလား။ ဘာအရေးထူးလို့လဲကွ။ "
ဦးအောင်နိုင်သူတစ်ယောက် ဘုရားရှီခိုးနေရာကနေ ရွာသားတွေခေါ်သံကြောင့် ဘုရားတောင်ကောင်းကောင်းမရှီခိုးရ။ ဘုရားကိုခွင့်ပန်ကာ အပေါ်ထပ်ကနေ လှမ်းထူးရတော့သည်။ ရွာထဲကလူရှိအကုန် သူ့ဝိုင်းထဲကိုရောက်နေသလားထင်ရတဲ့အထိပင်။
" အေး လာကြလေကွာ။ ဘာအရေးထူးလို့လဲ။ "
နောက်တစ်ကြိမ်ဦးအောင်နိုင်သူ ထပ်မေးလိုက်သည်။
" ညကရွာကဘုရား ထာပနာအဖောက်လိုက်ရတယ်သူကြီး။ "
လူအုပ်ကြားထဲကနေ စတင်ထွက်ပြောလာတတဲ့အသံက မင်းဒင်ဆီကပင်။ မင်းဒင်ဆိုတာက ရွာမြောက်ဖက်ပိုင်းမှာနေတဲ့သူ။
" မင်းဟာကသေချာရဲ့လားကွာ။ မင်းမူးပြီးအမြင်မှာလေသလား။ "
သူကြီးဦးအောင်နိုင်သူစကားကြောင့် မင်းဒင်မျက်နာရှုံ့မဲ့သွားရသည်။ ညကသူလယ်တောထဲမှာ ညအိပ်ရသည်။ ဆောင်းစပါးစိုက်ရန်အတွက် လယ်ထဲရေသွင်းရန်လိုတာကြောင့် ညနေကအိမ်ကနေထမင်းထုတ်ကာ သူလယ်တောမှာညစောင့်ရသည်။ ညကသူမူးနေတယ်ဆိုတာတော့ဟုတ်သည်။ အခုကမနက်လေ သူညကသောက်ထားတာက အမူးပြေနေပြီမလား။ သူအမြင်မမှားဘူးလေ။
YOU ARE READING
ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete)
Fantasyပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2022