Part.43 (U)

5.1K 343 2
                                    

ညိုထင်ထရံကိုနှစ်ချက်ပုတ်လိုက်သည်။ ထိုအခါတံခါးပေါက်တစ်ဖက်ကပွင့်လာကာ ရစ်စိန်လေးမျက်နာကို ည်ိုထင်မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ယခုပုံစံက အိမ်ထောင်ကျပြီးမှ သမီးရည်းစားပြန်ချိန်းတွေ့နေတဲ့ ခံစားချက်မျိုးပင်။ စိတ်လှုပ်ရှားကာ ရင်တွေဘာတွေခုန်လို့ပေါ့။
ရစ်စိန်လေးကပတ်ဝန်းကျသ်အခြေအနေကိုအကဲခတ်ပြီး သူ့ကိုအိမ်ပေါ်သို့တက်စေရန် တံခါးပေါက်နှစ်ချပ်လုံးကိုဖွင့်ပေးလာသည်။

" ညိုတုတ်ရာခင်ဗျားကလဲ အရဲစွန့်လွန်းတာလား မိုက်ရူးရဲဆန်တာလားဗျာ။ "

" ကိုယ်ကအရဲစွန့်တာလဲမဟုတ်ဘူး။ မိုက်ရူးရဲဆန်တာလဲမဟုတ်ဘူး။ ကိုယ်ကအချစ်ရူးလေးတော့နည်းနည်းဆန်တယ်။"

ညိုတုတ်ရဲ့ခပ်နောက်နောက်စကားကြောင့် သာလွန်ချမ်းမျက်စောင်းလေးတစ်ချက်ဝင့်လိုက်သည်။

ရစ်စိန်လေးကိုအလွမ်းပြေအနမ်းလေးတစ်ပွင့် ပါးပြင်ပေါ်ခြွေချလိုက်သည်။

" ဗိုက်ကအဆင်ပြေရဲ့လားရစ်စိန်။ အခုလိုအချိန်မှာ ကိုယ်မင်းအနားမှာရှိနေမပေးနိုင်တာ စိတ်မကောင်းဘူး။ "

ညိုထင်ရင်ခွင်ထဲကို ထွေးပွေးကာတိုးဖက်ထားလိုက်သည်။ သူ့ရင်ခွင်ထဲမှာအလိုက်သင့် ငြိမ်သက်နေတဲ့ရစ်စိန်လေးရဲ့ ခန္ဓာကိုယ်လေးဟာအိထွေးကာနူးညံ့နေ၏။ ခပ်ပူပူဗိုက်လုံးလေးဟာ အရှေ့သို့ဆူထွက်နေတော့သည်။ ညိုထင်ဆူထွက်နေတဲ့ဗိုက်လုံးလုံးလေးကို သူ၏လက်ကလေးနဲ့ယုယညင်သာစွာပွတ်သပ်ပေးနေမိတယ်။

" အခုဘယ်လိုလုပ်ကျမလဲညိုတုတ်။ ရွာသားတွေက မင်းတို့ကိုအထင်လွဲနေကြတယ်။ "

" အဲ့ဒီအတွက်စိတ်ပူမနေနဲ့။ အခုအရေးကြီးဆုံးက ရစ်စိန်လေးကကိုယ့်ကိုဂရုစိုက်ဖို့ပဲ။ ကျန်တာတွေက ကိုယ်ကပဲလုပ်ဆောင်မှာမို့ ရစ်စိန်လေးကကျန်းမာနေမှရမှာ။ ရစ်စိန်လေးကျန်းမာမှ ဗိုက်ထဲက,ကလေးလေးလဲကျန်းမာမှာမဟုတ်လား။ "

မျက်ရည်တွေဝေ့သီနေတဲ့ မျက်ဝန်းတွေနဲ့သူ့ကိုစိုးရိမ်နေရှာတဲ့ရစ်စိန်လေး။

သာလွန်ချမ်းဗိုက်ကဆစ်ခနဲနာကျင်လာရသည်။

" အ့..."

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now