Part.18 (U)

10.5K 671 19
                                    

" ချစ်လားလို့ ကိုယ်မေးတာဖြေအုံး။ "

" အင်း "

တိုးဖက်လာတဲ့ ရင်ခွင်ကျယ်ကြီးးထဲတွင် သာလွန်ချမ်းနှစ်မြုပ်လို့နေသည်။ သည်ရင်ခွင် တစ်ညသာခိုလှုံခဲ့ဖူးသော်လည်း ဒီလူကထိုရင်ခွင်နွေးနွေးကိုသိနေခဲ့သည်။

" ကိုယ်ကမင်းလေးးကို အရမ်းချစ်တယ်baby။ "

" ဘယ်လိုတက်လာရမလဲ ဘေဘီကသင်ပေးတာ။.အချစ်ကလူကိုစကားတက်စေတယ်လေ။."

" ဟေး...."

စပယ်ရုံနောက်ကွယ်ကနေ " ဟေး" ခနဲအသံ။ သာလွန်ချမ်းစကားတက်လွန်းတဲ့ ညိုတုတ်ကြောင့် ရင်တွေခုန်ရသလို၊ သူငယ်ချင်းတွေရဲ့စနောက်မှု့ကြောင့် ရှက်ရပြန်သည်။

" မင်းတို့အခုထိ မသွားသေးဘူးလား။ သူများလင်မယား။ အဲ...မဟုတ်။ သူများလင်ယောကျ်ားတွေ ချိန်းတွေ့နေတာကို ချောင်းကြည့်နေရသလား။ "

သာလွန်ချမ်းရှက်ရမ်းရမ်းကာ စံပယ်ရုံနောက်က သူငယ်ချင်းတွေကို လှမ်းအော်ကာငေါက်ငမ်းလိုက်သည်။

" အာစရိရေ။ ဘာမှရှက်မနေနဲ့ ကျွန်တော်တို့တုန်းကလဲ လူမိတော့ အာစရိလိုပဲရှက်ခဲ့ဖူးတယ်။ အာစရိသိတယ်မလား။ "

" ဟား ဟား "

အားလုံးရဲ့ ရယ်မောသံသည် စံပယ်ရုံနောက်ကနေ ပျံ့လွင့်လို့လာသည်။

ဒေါ်မေလေးတစ်ယောက် သားဖြစ်သူကိုစိတ်ပူလို့လိုက်ရှာရင်း ပန်းမှုံတို့ကိုစံပယ်ရုံနားမှာတွေ့လိုက်ရသည်။ သာလွန်ချမ်းဘယ်သွားလဲ မေးချင်တာကြောင့် စပယ်ရုံနားကို သူမရောက်လာခဲ့သည်။ သူမရောက်လာတော့ ဟေးခနဲအော်သံကြောင့် ကလေးတွေကြည့်ရာနေရာကို သူမအကြည့်ပို့လွှတ်လိုက်သည်။ သူမ၏သားသည် သူမ၏သားမက်ရင်ခွင်ထဲမှာ နစ်မြုပ်နေကာ ဝိုင်းစနေတဲ့သူငယ်ချင်းတွေကို ရန်ထောင်နေတော့သည်။ မေလေးတစ်ယောက် ဘာရယ်မဟုတ်ပြုံးမိလိုက်သည်။ သူမ၏သားသည် ယောကျ်ားတစ်ယောက်ကို ချစ်မိသွားခဲ့လေပြီ။ အထူးသဖြင့် သူမသဘောကျသော သူနဲ့ရတာမို့ သူမပျော်ပါသည်။ သူမ၏ဥာဥ့်သည် ယောက်ျားနှစ်ယောက်ကို ပေးစားရတာဝါသနာလားဆိုတာမပြောတက်ချေ။ ဆရာတော်ကြီးဆီကို ဗေဒင်တွက်တုန်းကဆိုလျှင် ကတော်ဖြစ်မယ်ဆိုတဲ့ မိန့်ကြားမှု့ကိုလက်ခံရရှိခဲ့သည်။ မေလေးသည်သားအတွက်တစ်နှစ်တစ်ခါ ဆရာတော်ကြီးဆီမှာ ဗေဒင်မေးလေ့ရှိသည်။ ဆရာတော်ကြီးက ဘယ်အချိန်မေးမေး သားဟာကတော်ဖြစ်မယ့်သူဆိုတာကိုပဲ မိန့်ကြားတော်မူသည်။ ငယ်ငယ်ထဲက ဒီစကားတခွန်းထဲကိုသာ မိန့်ကြားလာတာမို့ သူမမယုံကြည်နိုင်တာကြောင့် ဆရာတော်ကြီးကို ပြန်လည်လျှောက်တင်ရတဲ့အထိပင်။ ကတော်ဖြစ်မယ့်သူတဲ့။ ဒါဟာမိန်းကလေးတွေအတွက်သာဖြစ်သည့်စကားတစ်ခွန်းလေ။ " မင်းကတော်ဖြစ်မယ့်ရုပ်ရည်လေး" ။ ခုကသူမရဲ့သားလေ။ သူမဘယ်လိုယုံကြည်ရမလဲ။ ဆရာတော်ကြီးကလဲ ဒီတစ်ခုကတော့ အမြဲမိန့်ကြားခဲ့တာမဟုတ်လား။ ဆရာတော်ဘုရားမိန့်ကြားခဲ့တဲ့အတိုင်း သူမရဲ့သားဟာ ကတော်ဖြစ်လို့နေခဲ့ပြီလေ။ ကတော်တော့ ကတော်ပဲ။ ဒါပေမယ့်မင်းကတော်မဟုတ်ဘဲ ဓားပြဗိုလ်ကတော်ဖြစ်လို့နေပြီ။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now