Part.14 (Z)

4K 166 2
                                    

သာလွန်ချမ်း ရေကိုစိတ်အေးလက်အေးစွာနဲ့ စိမ်နေလိုက်သည်။ အေးမြပြီးကြည်လင်နေတဲ့ရေသည် အောက်ခြေက ငါးကလေးများအပြင် ကျောက်ခဲလေးများပါမြင်နိုင်သည်အထိ ကြည်လင်နေသည်။ တကိုယ်လုံးညောင်းကိုက်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်သည် အေးမြတဲ့ရေကြောင့် ပေါ့ပါးလန်းဆန်းလို့သွားရတော့သည်။ ရေကိုအဝချိုးပြီးချိန်မှာတော့ သူကုန်းပေါ်ကိုတက်လာခဲ့တော့သည်။

" အမေ့..."

ကုန်းပေါ်အရောက် ရေညှိတက်နေတဲ့ ကျောက်ခဲတစ်လုံးကို နင်းမိတာကြောင့် သာလွန်ချမ်းဟန်ချက်ပျက်က အခြေယိုင်သွား၏။ အရှိန်မထိန်းနိုင်ပဲ
နောက်ပြန်လဲကျသွားတော့သည်။ ကြောက်ရွံ့ခြင်းနဲ့အတူ အန္တရာယ်ကျရောက်တော့မည်အခြေအနေမို့ ဘာပဲဖြစ်ဖြစ်ဆိုပြီး သာလွန်ချမ်းမျက်လုံးကိုသာ စုံမှိတ်ထားမိတော့သည်။
သာလွန်ချမ်းမျက်လုံးကို ကြောက်အားကြီးစွာနဲ့မှိတ်ထားသော်လည်း စမ်းချောင်းလေးထဲကို ကျမသွားတာရယ် မာကျောတဲ့ ဘယ်အရာကိုမှ မထိတွေ့မိတာရယ်၊ နာကျင်မှု့မရှိတာကြောင့် သူမျက်လုံးတို့ကို တဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။ သူရဲ့ကိုယ်လုံးလေးသည် ရင်ခွင်ကျယ်တစ်စုံမှာ အံဝင်ဂွင်ကျ,ကျရောက်လို့နေသည်။ သန်မာတဲ့လက်တစ်ဖက်ဟာ သူ၏ခါးကနေ သိမ်းဖက်ကာပွေ့ထားသည်။ မျက်လုံးခြင်းအကြည့်ဆုံကျတဲ့အခါ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြင်းထက်ပို၍ တိတ်ဆိတ်သွားတော့၏။ မည်မျှတိတ်ဆိတ်၍သွားသလဲဆိုရင် တစ်ယောက်ရဲ့အသက်ရူသံကိုတစ်ယောက်ကြားရတဲ့အပြင် သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံဟာလဲ လိမ်ညာမှု့ကင်းစွာနဲ့ အတိုင်းသားကြားနေရတော့သည်။

မိုးညိုထင်ဝါးရုံပင်နောက်ကနေထွက်လာကာ စမ်းချောင်းအနီးနားက ကျောက်တုံးကြီးတစ်တုံးပေါ်မှာထိုင်နေလိုက်သည်။ စမ်းချောင်းထဲက ငါးကလေးကတော့ မြူးထူးကာ ကူးနေတော့သည်။
ကြည်လင်နေတဲ့ရေသည် ရေကူးနေတဲ့ ငါးလေး၏အလှအပကိုမြင်နေရတာကြောင့် မိုးညျုထင်တစ်ယောက် တံတွေးတွေကိုအကြိမ်ကြိမ်မျိုချနေရတဲ့အဖြစ်ပင်။ သာကူမုန့်လေးသည် ယောက်ျားလေးတစ်ယောက်ဖြစ်သော်ငြားလဲ အသားကဝင်းဝါလို့နေသည်။ မျက်လုံးက ဝိုင်းစက်ကာ ရှည်လျားတဲ့မျက်တောင်ကော့ ကော့လေးတွေက ပိုပြီးလှအောင် ပံ့ပိုးပေးထားသည်။
မျက်ခုံးတို့ကအပြစ်ပြောစရာမရှိအောင် မည်းနက်ကာညီညာလို့နေသည်။ ပိရိသေသပ်တဲ့ နှုတ်ခမ်းတစ်စုံဟာ ရေစိုနေတာကြောင့် နီရဲကာနမ်းချင်စရာကောင်းလောက်အောင်အထိ သူ့ကိုဖမ်းစားလို့နေသည်။ မေးရိုးအကျတို့သည် ယောက်ျားတစ်ယောက်၏အရှိန်အဝါကိုထင်ပေါ်စေသည်။ နှုတ်ခမ်းမွေးရေးရေးလေးသည် စိမ်းနုနုလေးဖြစ်ကာ တစ်မျိုးကြည့်ကောင်းနေသည်။ မိုးညိုထင်ငေးကြည့်နေမိသည်မှာ ဘယ်လောက်တောင်ကြာနေခဲ့လဲ။
ချောင်းစပ်ကိုပြန်တက်လာတဲ့ သာကူမုန့်လေးသည် သူ့ကိုမြင်ပုံမရ။ စိတ်အေးလက်အေးနဲ့ ပတ်ဝန်းကျင်ကို စိတ်ချဟန်နဲ့ ကိုယ်လုံးတီးလေးတက်လာနေသည်။ ခေါင်းကရေစိုနေတဲ့ ဆံပင်တို့ကနေတဆင့် ကိုယ်ပေါ်မှာ ရှိနေတဲ့ရေသီးရေပေါက်ကလေးတို့သည် တဖြည်းဖြည်းနဲ့ အောက်ပိုင်းဆီသို့ ဆင်းလာတော့သည်။ သာကူမုန့်လေးရဲ့ ညီဘွားလေးသည် တရမ်းရမ်းနဲ့ဟိုဟိုဒီဒီလှုပ်ရမ်းနေတော့သည်။ မှောင်စပြုနေတဲ့ ပတ်ဝန်ကျင်သည် အနည်းငယ်အေးနေသော်လည်း မိုးညိုထင်ကတော့ ခန္ဓာကိုယ်တစ်ခုလုံးပူလောင်လို့လာသည်။ မျိုချမိတဲ့တံတွေးတို့ကလဲ အကြိမ်ကြိမ်အခါခါပင်။ ယောက်ျားတစ်ယောက်ကို လိုချင်တက်မက်မိအောင်အထိ ငေးကြည့်ဖူးတာဟာ သူ့ဘဝမှပထမဦးဆုံးအကြိမ်ဖြစ်သည်။ ယောက်ျားမိန်းမများစွာနဲ့ သူနီးကပ်စွာရှိခဲ့ဖူးပေမယ့် သာလွန်ချမ်းဆိုတဲ့ သူနဲ့မှသူလိုချင်တပ်မက်ခဲ့မိတာဖြစ်သည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now