Part.32 (U)

5.4K 347 5
                                    

" တောက်။ "

မကျေနပ်ခြင်းနဲ့အတူ ခံပြင်းမှု့တို့ကြောင့် တင်မောင်ဝင်း တောက်ခတ်လိုက်ခြင်းဖြစ်သည်။ သူခရီးသွားနေတဲ့ အချိန်အတွင်းမှာ အိမ်ကိုဓားပြတွေဝင်တယ်တဲ့လေ။ ခရီးရောက်မဆိုက်ကြားလိုက်ရတဲ့ သတင်းဆိုးတစ်ခု။ ဓားပြတွေသတ်လို့ ဖေဖေသေသွားရတာတဲ့။ ဒီလောက်တပည့်တပန်းတွေကော၊ ပုလိပ်တွေကောရှိနေတဲ့ ကြားထဲကနေဖြစ်သွားတာကြောင့် တင်မောင်ဝင်းပိုပြီး ဒေါသထွက်ရလေသည်။

" ဒီကောင်က ဘယ်လောက်တောင်စွမ်းနေလို့ အခုထိမဖမ်းမိနိုင်သေးတာတဲ့လဲ။ "

" ဟုတ်ကဲ့ဆရာကြီး။ အဲ့ဒီအချိန်တုန်းက ပုလိပ်မင်းကြီးလဲ ဆရာကြီးရဲ့အဖေနဲ့အတူရှိနေခဲ့တာလို့ သိရပါတယ်။ ပုလိပ်မင်းကြီးကိုတော့ သေနတ်ဒင်နဲ့ထုလိုက်တာကြောင့် ခေါင်းကွဲသွားတယ်တဲ့။ ဆရာကြီးရဲ့အဖေကတော့ဘနေရာမှာ ချက်ချင်းသေဆုံးသွားတယ်ဆိုတာကိုလဲသိရပါတယ်။ "

ဒီလောက်လူတွေအများကြီးကိုတောင်မှ ဓားပြတွေက ဘယ်လိုလုပ်ပြီး သူတို့အိမ်ထဲကိုဝင်လာနိုင်ရတာလဲဆိုတာကို တင်မောင်ဝင်းအခုချိန်ထိ လုံးဝစဥ်းစားလို့မရပါ။ အမြဲတမ်းအိမ်မှာ အစောင့်များစွာရှိနေခဲ့တာလေ။ ဓားပြတွေကအဲ့လောက်တောင် တော်နေကြလို့လား။ ဒါမှမဟုတ် အတွင်းလူပါနေတာကြောင့်များလား။ အတွင်းလူပါရအောင်ကလဲ ဘယ်သူတွေဖြစ်နိုင်မလဲ။

မေးခွန်းပေါင်းများစွာနဲ့ တင်မောင်ဝင်းတစ်ယောက် သူ၏တပည့်တွေရဲ့ မျက်နာကို မမှိတ်မသုံနဲ့ စိုက်ကြည့်တဲ့အခါ ဘယ်သူကမှမူပျက်နေတာမျိုးမရှိ။ သူသေချာစီစစ်ပြီး ခန့်ထားတဲ့သူတွေမို့ ဒီထဲမှာ သစ္စာဖောက်ကတော့မပါဘူးဆိုတာ သူယုံကြည်သည်။ သစ္စာဖောက်သမားတာပါတယ်ဆိုရင် အခုချိန်အဲ့ဒီကောင်ဟာ သူ့အကြည့်နဲ့တင် ကြောက်လန့်ကာ ကိုယ့်ကိုအဆုံးစီရင်သွားနိုင်တယ်မဟုတ်လား။

" မင်းတို့ကောင်တွေ အခုချက်ချင်းစုံစမ်းကြ။ ငါလိုချင်တဲ့ သတင်းကိုအမြန်ဆုံးလိုချင်တယ်နော်။ "

" ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့ အခုပဲသွားလိုက်ပါ့မယ်။."

အဖေ၏စျာပနပွဲအတွက် ပြင်ရဆင်ရနဲ့မို့ တင်မောင်ဝင်းအလုပ်ရှုပ်နေပေမယ့် တစ်ဖက်ကလဲ ဖခင်ကိုသတ်သွားတဲ့ သူတွေကို စုံစမ်းနေတာကတော့မပျက်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now