Part.35 (U)

5K 346 5
                                    

အိမ်နောက်ဖေးက ပန်းခင်းးကြီးသည်လအဖြူရောင်လွှမ်းကာ လှပလို့နေသည်။ ထနောင်းပင်ကြီး၏အရိပ်ကို အမှီသဟဲပြုလို့ တစ်ယောက်ပခုံးပေါ်တစ်ယောက်မှီကာ ချစ်ခြင်းနှင့်နွေးထွေးမှု့ကိုအစပြုလို့နေသည်။

မနက်ကမှရန်ဖြစ်ထားတဲ့သူတွေမဟုတ်သလို သာယာနေတဲ့သူတို့နှစ်ယောက်။

" ပန်းခင်းကြီးက လှလိုက်တာ။ မင်းရဲ့မေမေကသိပ်ကိုဖြူစင်တဲ့ မိန်းမသားတစ်ဦးဖြစ်မယ်တူတယ်နော်။ "

ဂန္ဓာပန်းခင်းကြီးကိုကြည့်ရင်း သာလွန်ချမ်းပြောလိုက်သည်။ ညိုတုတ်ကသူ့ကိုကြည့်နေမယ်ဆိုတာကို သူမော့မကြည့်ပါပဲသိနေသည်။

သာကူမုန့်လေးရဲ့နဖူးပြင်လေးကို မိုးညိုထင်အသာအယာနမ်းရှိုက်လိုက်သည်။

" ဘာလို့လဲ ကိုယ့်ရဲ့ရစ်စိန်လေး။ ဘာကြောင့်အတက်ပြောနေနိုင်ရတာလဲ။ "

" ပန်းအဖြူကို နှစ်ရှိုက်တဲ့သူဟာ စိတ်သဘောထားဖြူစင်ပြီး နူးညံ့သိမ့်မွေ့တဲ့သူလို့ ဆိုလို့ရတယ်။ မင်းသိလား။ ငါလေ မင်းမေမေကိုသိပ့်ပြီးအားကျတယ်။ မင်းအဖက မင်းအမေကိုအရမ်းချစ်မယ်ဆိုတာကို ငါသိနေတယ်။ "

" အင်း ကိုယ့်ရဲ့ဘကြီးပြောဖူးတယ်။ ဖေဖေကအမေ့ကိုသိပ့်ချစ်တာတဲ့လေ။ မေမေကလဲ ချမ်းသာတဲ့လူကုံထံတွေကို ကျော်လွန်ပြီးဖေဖေ့ကိုချစ်တဲ့အချစ်တွေပဲ ကြည့်ပြီးနေလာခဲ့တာတဲ့။ ကိုယ့်ရဲ့ရစ်စိန်လေးကကော ကိုယ့်ကိုချစ်တယ်မလား။ "

" ငါတို့နှစ်ယောက်ကြားက အချစ်တစ်ခုထဲနဲ့ ပြည့်စုံပါ့မလားလို့ ငါတွေးမိတယ်။ ငါကမိန်းကလေးတစ်ယောက်မဟုတ်ဘဲလေ။ မင်းအတွက်မိသားစုဘဝလေးမဖန်တီးပေးနိုင်ဘူးညိုတုတ်။ တစ်နေ့မင်းငါ့ကို ထားသွားမှာကို ငါတွေးပြီးကြောက်နေမိတယ်။ "

အဆုံးသတ်မှာလေသံက ပျော့ခွေသွားတာမို့ မိုးညိုထင်ချစ်ရတဲ့ရစ်စိန်လေးလက်ကို ဆုပ်ကိုင်ထားမိသည်။

" ကိုယ့်အတွက်မင်းကအရာရာမို့ မိသားစုဆိုတဲ့အရာကို ကိုယ်မမက်မောဘူး။ ကိုယ့်အတွက်မင်းရှိရင်ဆိုတဲ့ စိတ်နဲ့ပဲနေချင်ခဲ့တာ။ မင်းလေးက မိန်းကလေးတစ်ယောက် မဟုတ်ဘူးဆိုတာကို သိနေတာပဲလေ။ မင်းလေးက မိန်းကလေးမဟုတ်သည့်တိုင် ကိုယ်ကချစ်နေမှာမို့ သိမ်ငယ်စရာအတွေးတွေကို ဖယ်ထုတ်လိုက်ပါ့လား။ ကိုယ်ကမင်းမို့လို့ကို ချစ်နေခဲ့တာရစ်စိန်လေးရ။ "

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now