Part.10 (Z)

5.4K 222 1
                                    

" မင်းသားလေ။ မင်းသား"

" ကျုပ်သားကဘာဖြစ်လို့လဲ။ ကိုအောင်ပြောစရာရှိတာကိုပြော ကျုပ်စိတ်ကိုသိတယ်နော်။ "

" အေးပါ။ ငါသိတယ်။ မင်းသားမှာ ရည်းစားရှိနေပြီတဲ့။ "

" အို...ရည်းစားရှိတာကို တော်ကအထူးအဆန်းလုပ်လို့။ "

" ထူးဆန်းဆို မင်းသားက ယောက်ျားတစ်ယောက်ကို ချစ်ကြိုက်နေတာတဲ့လေ။ အခုရွာထဲက လူတိုင်းကငါ့ကိုတွေ့တာနဲ့

သူကြီးမင်းရေ သားမွေးပြီးသားမက်ရတော့မှာပေါ့တဲ့။ ငါ့မျက်နာ ဘယ်နားသွားထားရမလဲ။ "

" သားမွေးပြီးသားမက်ရတာ ရှင်ကတောင်ဂုဏ်ယူပြီး၊ ရွာထဲခေါင်းမော့ရင်ကော့တောင်သွားရမှာကို။ ဘယ်လောက်တောင်ကောင်းလိုက်သလဲ။ ရှင်သေချာစဉ်းစားကြည့်။ ဒါနဲ့ကောင်လေးက ဘယ်ရွာကတဲ့လဲ။ "

ဇနီးဖြစ်သူစကားကြောင့် သူကြီးမင်းဦအောင်နိုင်သူတစ်ယောက် ခေါင်းသာအသာခါရမ်းလိုက်မိတော့သည်။

" မင်းတို့သားအမိနှစ်ယောက်တော့ ဆေးမမှီတော့ဘူး။ အမှောင့်ပရောဂတွေများ မှီနေသလားပဲ။ သားဖြစ်သူကလင်ယူ အမေဖြစ်သူက အားပေးအားမြှောက်နဲ့ အတော်လိုက်တဲ့သားအမိတွေ။"

ယောက်ျားဖြစ်သူ၏စကားကြောင့် သူမမှာအရယ်မသတ်နိုင်။ ပြုံးစေ့စေ့နဲ့ ရှေ့မှာငဲ့ထားတဲ့ ရေနွေးကြမ်းကို တစ်ငုံမော့သောက်လိုက်တော့သည်။
ဒေါ်မေလေးတစ်ယောက် သားဖြစ်သူကို ရွာထဲကအပျိုတွေနဲ့ နည်းနည်းလေးမှ သဘောမတူပါ။ ဘာကြောင့်ရယ်မသိပါ သူမ၏သားကို ယောက်ျားသာပေးစားချင်မိသည်။ သား၏ဖူးဟာရှင်သည် သားလဲသဘောကျရမယ်၊ သူမလဲသဘောကျရတဲ့ သားမက်မျိုးကိုလိုချင်မိသည်။

သားကိုလိုက်ပို့တဲ့ကောင်လေးနာမည်က ညိုထင်တဲ့။ ဗိုလ်မိုးညိုထင်၏နာမည်နဲ့ ဆင်တူလှသည်။ ကောင်လေးပုံစံက ရည်ရည်မွန်မွန်လေးနဲ့ သူမသဘောကျရတဲ့ ယောက်ျားမျိုးဖြစ်သည်။ အခုတော့ သူမရဲ့သဘောထားနဲ့ တိုက်ဆိုင်တဲ့သူမျိုးကိုတွေ့ရပြီဖြစ်သည်။ နေ့လည်က သူမ၏သားနဲ့ သူငယ်ချင်းတွေစကားပြောနေတာကို သူမခိုးနားထောင်မိတာကြောင့် ယောက်ျားဖြစ်သူ၏စကားကို မအံ့သြပါ။ သူမကပိတ်ဟောက်လိုက်တာမို့ ဦးအောင်နိုင်သူတစ်ယောက် ငြိမ်ဝပ်ပိပြားလို့နေသည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now