Paart.3 (U)

18.9K 1.4K 36
                                    

သူကတော့လွယ်အိတ်ထဲကဆေးအချို့ကို ထုတ်ကာထိုလူရဲ့အနာကို သူ့လွယ်အိတ်ထဲကပုဝါအဖြူလေးနဲ့ ဆေးလိမ်းပေးကာ အနားကိုပတ်ကာချည်ပေးလိုက်သည်။ ဒီပုဝါအဖြူလေးက သူပန်းမှုံကို ချစ်ရေးဆိုတဲ့နေ့မှာပေးမယ်လို့ရည်ရွယ်ထားတာဖြစ်သည်။ အခုတော့တစိမ်းလူရဲ့လက်မှာချည်နှောင်ပေးထားမိလိုက်သည်။

သာလွန်ချမ်းမြို့က သူ့အသိတစ်ယောက်အိမ်မှာတည်းခိုကာ တစ်ခါမှမမြင်ဖူးတဲ့ တစိမ်းတစ်ယောက်ကိုလဲ ထိုအိမ်မှာပြုစုစောင့်ရှောက်ရသေး၏။ သူ့အသိဆိုတာထက် အဖ၏အသိဆိုပိုမှန်လိမ့်မယ်။ အဖကသူ့လက်ကိုဆွဲပြီး မြို့ကိုတက်လျှင် ဒီအိမ်မှာတည်းခိုပြီး စပါးစျေး၊ ရွာကထွက်တဲ့အခြားသီးနှံစျေးတွေက စုံစမ်းတာဖြစ်သည်။ အဖကမြို့မတက်တော့ သူကပဲမြို့တက်ပြီး ဒီအိမ်မှာပဲအမြဲတည်းခိုလေ့ရှိသည်။

" လူလေး။ သူလေးကဘယ်သူလဲကွဲ့။ လူလေးတို့ရွာကလာတဲ့ လမ်းတစ်လျှောက်မှာ အန္တာရယ်ပြုတဲ့သူတွေနဲ့တွေ့ခဲ့တာလား။"

" ဟုတ်တယ်ကိုချမ်း။ ကျွန်မလဲအဲ့တာစိတ်ပူနေတာ။ ဘယ်လိုတွေဖြစ်လာတယ်ဆိုတာကိုပြောပါအုံး။"

အဖ၏သူငယ်ချင်းဖြစ်သူ ဦးငွေနှောင်ကစိတ်ပူစွာနဲ့မေးလာသလို၊ သူ၏သမီးဖြစ်သူ ရှင်နှောင်းကလဲ စိတ်ပူဟန်နဲ့မေးလာတော့သည်။ ရှင်နှောင်းဆိုတာက သူနဲ့အသက်မတိမ်းမယိမ်းလောက်သာရှိတဲ့မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်။ သာလွန်ချမ်းနဲ့သူမ၏ဆက်ဆံရေးဟာလဲ သူမ၏ဖခင်နည်းတူသဖွယ်ခင်မင်တာကြောင့် သူမကစိတ်ပူစွာနဲ့ မေးခြင်းဖြစ်တာကိုလဲ သာလွန်ချမ်းသိသည်။

" မဟုတ်ဘူးဦးလေး။ ကျွန်တော်တို့ဘာအန္တာရယ်မှ မဖြစ်ခဲ့ပေမယ့် ဒီလူကတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်လဲမသိပါဘူး။ ကျွန်တော်တို့လာတဲ့ လမ်းမှာလူတစ်ယောက်လဲကျနေလို့ ပြီးတော့အသက်ကရှိနေသေးတာမို့ လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်ဆိုပြီး ကျွန်တော်တို့လှည်းနဲ့ပဲခေါ်လာလိုက်တာ။"

" အို...ကိုချမ်းကလဲ သူခိုးကဂျိုပါတာမှတ်လို့။ အခုအခါက သူခိုး၊ ဓားပြတွေကပေါမှပေါဖြင့်။ ရှင်နှောင်းတို့မြို့မှာတောင် ပုလိပ်အရာရှိမင်းတွေက အမြဲအလှည့်ကျတာဝန်စစ်ဆေးနေတဲ့ကြားကတောင် သူခိုးတွေက လုယက်ခိုးယူချင်ကြသေးတာလေ။"

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now