Part.19 (Z)

3.1K 117 1
                                    

လင်ရှီခိုးသွားမကျိုး၊ လင်ရိုသေအသက်ရှည်တဲ့။
တစ်ခါမှ မကြားဖူးတဲ့ စကားပုံအသစ်အဆန်းတွေရယ်။ သာလွန်ချမ်းရယ်ချင်စိတ်ကိုမြိုသိပ်ထားသော်လည်း ခွီခနဲရယ်လိုက်မိသည်။ ဒါကိုညိုတုတ်က မျက်မှောင်တွန့်ကာကြည့်လာတာမို့ တစ်ဖက်သို့မျက်နာလှည့်ထားရသည်။

လောကဓံရှစ်ပါး။ တစ်ပါးတောင်ခံနိုင်ရည်မရှိတဲ့ ကျုပ်ဟာ၊ ခင်များနဲ့ဆိုရင် ကိုးပါးဖြစ်လဲရင်ဆိုင်နိုင်တယ်။

သာလွန်ချမ်း။

" ကိုယ့်ဘေဘီက ကိုယ့်ကိုတမင်လှောင်လိုက်တာပေါ့လေ။ ရတယ်ဘေဘီ။ "

မိုးညိုထင်ကောက်ကျစ်စဉ်းလဲးတဲ့အပြုံးတစ်ခုကို နှုတ်ခမ်းထက်မှာ ဆင်မြန်းလိုက်သည်။

သာလွန်ချမ်းတစ်ယောက် သူ၏အန္တရာယ်ကိုမရိပ်မိပါ။

မိုးညိုထင် မတ်တပ်ရပ်လိုက်ကာ သူ၏ဘေဘီကိုစွေ့ခနဲမချီလိုက်သည်။ အလိုက်သင့်ပါလာတဲ့ သူ၏ဘေဘီက သူရဲ့လည်ပင်းကိုလက်နှစ်ဖက်နဲ့ ယှဉ်ယက်ကာ ပြန်လည်သိုင်းဖက်ထားတဲ့အပြင် ခြေထောက်နှစ်ဖက်ဟာလဲ သူ့ခါးကိုချိတ်တွယ်ထားလေသည်။

နှစ်ဦးသာအနမ်းတို့သည် ချစ်ခြင်းနဲ့မြတ်နိုးခြင်း၊ နှစ်သက်ခြင်းနဲ့အတူ သဘေတူညီခြင်းတို့ကပါ ဒွန်တွဲလျှက်ရှိနေသည်။

နှုးညံ့သောနှုတ်ခမ်းသားလေးတွေဟာ သရက်သီးမှည့်ထက်ချိုလွန်နေသည်။ မျက်လုံးလေးမှိတ်ကာ အလိုက်သင့်ပြန်လည်နမ်းရှိုက်လာတဲ့ သာကူမုန့်လေးအနမ်းးတွေက သူ့ထက်ပင်ကျွမ်းကျင်ပိုင်နိုင်လို့နေသည်။

သာလွန်ချမ်းထပ်တူကျလာတဲ့ နှုတ်ခမ်းသားတို့ကို လွတ်ထွက်သွားမှာဆိုးပုံရသည်။

ထိုညက မီးရှုးမီးပန်းများနဲ့အတူ ယှဉ်ပြိုင်တွဲကာ လျှောက်လှမ်းကြတဲ့ လူနှစ်ယောက်ဟာ မျက်နာပေါ်အလင်းရောင်ဖြာကျနေသော်လည်း သူတို့နှစ်ယောက်၏ခရီဿးို အဆုံးစွန်အထိအတူတူချီတက်နေကြသည်။

မနက်ခင်းရဲ့အလင်းရောင်နဲ့အတူ အိမ်ဘေးနားကသစ်ပင်ပေါ်က ငှက်ကလေးများဟာ အသံစာစာနဲ့အော်နေကြတာမို့ မိုးညိုထင်မဖွင့်ချင်တဲ့ မျက်လုံးအစုံကို ပြူးပြဲကာဖွင့်လိုက်သည်။ သူ့လက်မောင်းပေါ်က လေးလံနေတာကြောင့် ခေါင်းငဲ့စောင်းကြည့်လိုက်တော့ သူ၏အသည်းအသက်ကလေးအမောင်
သာလွန်ချမ်းပင်။ မိုးညိုထင်ကြင်နာမြတ်နိုးစွာနဲ့ အိပ်ပျော်နေတဲ့ ချစ်ရသူနဖူးလေးကို ဖွဖွနမ်းလိုက်သည်။ နူးညံတဲ့ပါးပြင်လေးကို အကြိမ်ကြိမ်အခါခါနမ်းဖူးပါသော်လည်း ထိတွေ့မှု့တို့ကမရပ်တန့်နိုင်ချေ။ နဖူးကနေ ပါးပြင်။ ပါးပြင်ကနေတဆင့် နီစွေးကာရဲနေတဲ့ နှုတ်ခမ်းပါးလေးကိုပါ တဆတ်ထဲနမ်းလိုက်ပြန်သည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now