Part.9 (U)

14K 1K 16
                                    

" အဆင်ပြေရဲ့လားသား။ "

ကျောပြင်ကို ခပ်ဖွဖွထုပေးရင်းကနေ သူမသိချင်တာကို ပြန်လည်မေးရတော့သည်။

" ပြေတယ်အမေ။ "

" သာလွန်ရေ သာလွန်"

" ငချမ်းရေ ငါတို့ရောက်ပြီဟေ့။ "

မနက်စောစောကြားလိုက်ရတဲ့ အသံမျိုးစုံကြောင့် သာလွန်ချမ်းတစ်ယောက် လန့်ဖျန့်ကာ နောက်ပင်ခုန်ဆုတ်မိတော့မည့်အဖြစ်။ ဒါကညကသတင်းကြောင့် သူဆီကိုရောက်လာကြတဲ့သူငယ်ချင်းတွေပင်။ မွှေမယ်ဆိုရင် ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်တက်တဲ့ သူတို့လေးယောက်ရဲ့အကျင့်ကတော့ ဘယ်တော့မှပြင်ရမည်မထင်ပေ။

" သားတို့သမီးတို့တောင် ရောက်လာကြပြီလား။ လာကြ လာကြကွယ်။ မင်းတို့သူငယ်ချင်းကတော့ ဘာစိတ်ညစ်စရာတွေ ရှိနေလဲမသိပါဘူးကွယ်။ ညကထန်းရည်တွေ မူးလာတယ်တဲ့လေ။ ယောကျ်ားတစ်ယောက်ကျောပေါ်မှာ..."

အားလုံးရဲ့မျက်ဝန်းတွေက သူ့ဆီကိုဒိုင်းခနဲ။ အပြုံးစစနဲ့ သူမတို့သုံးယောက်သည်ဘတစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြနေကြပြန်သည်။ ဘာလဲဆိုတာကတော့ သူမတို့အပြင် သာလွန်ချမ်းဆိုတဲ့ ကျွန်တော်လဲသိနေ၏။

" အရီးနောက်ထဲမှာ အလုပ်လေးတွေရှိသေးလို့။ အကြမ်းရည်လေးနဲ့ လက်ဖက်ကလေးနယ်ထားတယ် စားကြအုံးနော်။ "

အမေသည်သူတို့အနားက အလိုက်သိစွာထပေးသွားသလိုနဲ့ တကယ်တော့အမေဟာလဲ သူ့ကိုညကအကြောင်းမေးချင်နေပုံရသည်။ တစ်ဖက်လှည့်နဲ့သူငယ်ချင်းတွေကို မေးခိုင်းတာလဲဖြစ်မည်။

" ဟေ့ရောင်ငချမ်း။ မင်းပုံစံကြီးကလဲကွာ။.ထန်းရည်မူးတာလေးကို မသိရင်ရည်းစားပူမိပြီး လဒကိုကျောက်ပြင်နဲ့အကြိတ်ခံထားရသလိုပဲ။ ဘယ်နှဲ့တက်ကြွမှု့ကိုမရှိဘူး။ "

ရောက်ကတည်းက တစ်ယောက်တစ်ပေါက်နဲ့ စကားများနေကြတဲ့ ဒီဝိုင်းမှာတော့ သာလွန်ချမ်းကတော့ အတွေးနဲ့ဘေးဖယ်ကာရှိနေသည်။

" သာလွန် ရွာထဲမှာပြောနေကြတာက တကယ်လားဟင်။ "

" ဘာကိုလဲ "

" ဟဲ့ နင်ကလဲ ဖြေးဖြေးပြောပါ။ ဘာကိုစိတ်တိုနေတာလဲ။ "

သာလွန်ချမ်း ခင်လေးသိမ့်ကို ဘုတောတောကာကြည့်လိုက်သည်။ ညကအကြောင်း ခေါင်းထဲရောက်လာတာနဲ့ မျက်နာဟာစပ်ဖျင်းဖျင်းနဲ့ပူလာသည်။ ယောကျ်ားတစ်ယောက်ပေါ်မှာ ကလေးတစ်ယောက်လို ဆော့နေတာသည် သူ့အတွက်ရုပ်ပျက်ဆင်းပျက်အနေအထားပင်။ အရင်က သူထန်းရည်မူးလျင် ထိုကဲ့သို့မဟုတ်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now