Part.26 (U)

5.7K 397 4
                                    

" ငါကဓားပြဗိုလ်ခေါင်းဆောင်ရဲ့လင်ပဲ။ "

သာလွန်ချမ်းဟာ ခေါင်းမော့ရင်ကော့ကာ ပုလိပ်အရာရှိမင်းကိုဆိုလိုက်သည်။

" အ့ သွေး သွေးတွေ။ "

ပုလိပ်အရာရှိမင်း၏ သတ္တိကတော့လေးစားလောက်ပါပေတယ်။ နဖူးကစီးကျလာတဲ့ သူ၏လက်ခုံနဲ့ သုတ်ကာသွေးမြင်၍သတိလစ်သွားတော့သည်။

" ခင်ဗျားဟာ သူငယ်ချင်းအရင်းကြီးကို သစ္စာဖောက်။ ကျုပ်တစ်မိသားစုလုံးကိုသတ်၊ ကျုပ်တို့ပိုင်ဆိုင်တဲ့ ဟောဒီအိမ်ကြီးကို လက်ဝါးကြီးအုပ်အပိုင်သိမ်းလိုက်တယ်လေ။ ကျုပ်ကပဲကံကောင်းတာလား။ ခင်ဗျားကပဲ ကံဆိုးတာလားတော့မသိဘူး။ အဲ့ဒီနေ့က ခင်ဗျားလက်ကနေလွတ်သွားခဲ့တာက ကျုပ်တစ်ယောက်ထဲရယ်။ အဲဒီအိပ်မက်ဆ်ိုးဟာ ကျုပ်ကိုညတိုင်းခြောက်လှန့်နေခဲ့တာပဲ။ "

မိုးညိုထင်ညတိုင်းမက်တဲ့အိပ်မက်ဆိုးဟာ သူ၁၀နှစ်သားလောက်ထဲကနေ ခုချိန်ထိပင်။

သနားစရာကောင်းလိုက်တဲ့ ငါ့ရဲ့ယောကျာ်း။ မိဘတွေမရှိပဲ ကြီးပျင်းလာရတဲ့ ညိုတုတ်ကို သာလွန်ချမ်းဂရုဏာသက်မိသည်။ သူ့ရဲ့မမြင်လိုက်ရတဲ့ ယောက္ခထီးနဲ့ယောက္ခမကို သတ်တဲ့ ဦးချမ်းသာကို သာလွန်ချမ်းမီးတောက်မတက်မျက်ဝန်းတွေနဲ့ ခပ်စူးစူးစိုက်ကြည့်လိုက်သည်။

ဦးချမ်းသာသည် ကြမ်းပြင်ပေါ်သို့အရုပ်ကြိုးပျက်လဲကျသွားခဲ့သည်။ အချစ်ကြောင့် ဘာမှမမြင်တော့တဲ့ သူဟာသူငယ်ချင်းအရက်းကြီးကို သတ်လိုက်ရုံမက သူချစ်ရတဲ့ လှထိပ်ထားခင်ကိုပါ သူ့လက်နဲ့သတ်ခဲ့သူမဟုတ်လား။

" ခင်ဗျားဟာ လူ့လောကမှာ မနေသင့်တော့ဘူး။ "

ဦးချမ်းသာနဲ့ ခင်မောင်ဝင်းတို့သည် သူများ၏သမီးပျိုလေးမျာကိုလဲ ဖျက်လို့ဖျက်စီးလုပ်တဲ့ လူ့မိစ္ဆာ သတ္တဝါဆိုးတွေပင်။

" မိုးညိုထင် ကျွန်မတို့ဒီအိမ်ကြီးထဲကနေ အမြန်ထွက်မှရတော့မယ်။ မဟုတ်ရင် ဟိုကောင်တွေရောက်လာကြလိမ့်မယ်။ "

မူယာနွဲ့စကားကို မိုးညိုထင်သာမက သာလွန်ချမ်းကပါခေါင်းညိတ်ကာပြလိုက်သည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now