Part.11 (U)

13.8K 1K 31
                                    

" မင်းနောက်ကို ငါမလိုက်နိုင်ဘူး။ ငါ့မှာချစ်ရတဲ့သူရှိတယ်။ ငါသူ့ကိုပဲချစ်တယ်။ မင်းလိုဓားပြတစ်ယောက်ကို ငါလက်မထပ်နိုင်ဘူး။ "

" အို...သားကလဲ။ သူကသားရဲ့ဖူးစာရှင်စစ်စစ်ဆိုတာ အမေရွာဦးကျောင်းစရာတော်ဆီကနေ ဗေဒင်တွက်ထားခဲ့တယ်။ "

အမေကလေအမြဲ သူအတွက်ဗေဒင်တွေမေး ယတြာတွေချေတက်သူဖြစ်သည်။ ဘာလေးဖြစ်ဖြစ် မေးလိုက်ရတဲ့ဗေဒင်၊ ချေလိုက်ရတဲ့ယတြာတွေ။ မိန့်ကြားတဲ့ ရွာဦးကျောင်းဆရာတော်တော့ မသိ၊ သာလွန်ချမ်းဆိုတဲ့သူကတော့ အမေ့ရဲ့ယတြာတွေကို အမြင်ကပ်လာချင်သလိုလိုရှိနေပြီဖြစ်သည်။ ဘာတဲ့ " ယတြာကောင်း မင်းလောင်းတောင်ဖြစ်တယ်" ဆိုလား၊ ဘာလားသူမသိ။ အမေပြောတော့ပြောဖူးသည်။

" မင်းရဲ့မေးခွန်းသုံးခုထဲက ပမထဆုံးမေးခွန်းတစ်ခုကို မှန်အောင်ငါဖြေနိုင်ခဲ့တယ်။ အခုချိန်မှ မင်းနောက်ဆုတ်မယ်ဆိုရင်တောင် မင်းကတိအတိုင်း ငါ့ကိုတာဝန်ယူရလိမ့်မယ်။ "

ပိုင်စိုးပိုင်နင်းနဲ့ပြောလာတဲ့ ဓားပြဗိုလ်ကို သာလွန်ချမ်းအတော်လေးအမြင်ကပ်လာရသည်။ မသိရင်သူ့ကျွန်ကို ပိုင်ရှင်ကအခြားတစ်ယောက်ဆီကနေ ပြန်ယူချင်နေတဲ့ပုံ။ ခြံစည်းရိုးပတ်လည်ကနေ ချောင်းကြည့်ကာ အခြေအနေအကဲခတ်နေတဲ့ ရွာသားအချို့ရဲ့ " ဟေး" ခနဲအော်သံကြောင့် ညအိပ်တန်းတက်တဲ့ ငှက်ကလေးတွေတောင် ကြောက်လန့်ကထပျံကျတဲ့အထိ ကျယ်လောင်လှသည်။

" ငါမင်းကို မေးခွန်းလဲမထုတ်တော့သလို၊ မင်းကိုလဲမယူနိုင်ဘူး။ ငါ့ချစ်သူကိုသာ ငါလက်ထပ်မှာ..."

" မင်းရဲ့ ဟိုအကောင် ညိုထင်ဆိုလား ဘာထင်ဆိုလား။ အဲ့ဒီကောင်ကိုပြောတာလား။ ဒါဆိုမေ့လိုက်။ အဲ့အကောင်ထက် ငါကမင်းကိုအစစအရာရာသာအောင်ထားပေးနိုင်တယ်။ "

ဒီလူက သူ့အကြောင့်ကိုအကုန်လေ့လာထားပုံရသည်။

" ဒီမှာ မင်းငါ့အကြောင်းကိုလိုက်ပြီးစုံစမ်းစရာမလိုဘူး။ ထပ်ပြီးပြောလိုက်မယ်။
မင်းလိုကောင်ကိုလဲ ငါမယူနိုင်ဘူး။ "

" ဒီမှာယောက္ခကြီး ခင်များတို့သားအတွက်စိတ်မပူနဲ့ ။ ဒီတော့ကျုပ်နဲ့သာပေးစားလိုက်ပါ။ သားမှတ်မှတ် လင်မှတ်မှတ်နဲ့ လက်ထပ်တောင်းရမ်းယူမှာပါ။ ယောက္ခကြီးတို့ဖက်ကသာ သဆဘာတူပေးပါ။ "

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now