Part.7 (U)

14.9K 1.5K 30
                                    

လွန်ခဲ့တဲ့ တစ်လခန့်က...

" ပန်းမှုံ ။ငါ ငါလေ ။ လူတစ်ယောက်ကိုချစ်မိနေပြီထင်တယ်။ "

သာလွန်ချမ်းသူငယ်ချင်းမလေးကို မဝံ့မရဲနဲ့ပြောလိုက်သည်။ ပြီးတော့ ပန်းမှုံဖက်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုသိချင်တာကြောင့် မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။

" အလိုလေးတော်။ တော်ကဘယ်သူကိုကြိုက်နေတာလဲ။ ကျွန်မတော့အသည်းတွေ ဗြန်းဗြန်းကွဲရပြီပေါ့။ ရှင်ရက်စက်လွန်းလိုက်တာ။ "

ပန်းမှုံရဲ့မျက်နာပေးနဲ့အပြောကြောင့် သာလွန်ချမ်းအနည်းငယ်တော့ စိတ်အေးသွားရသည်။ ပန်းမှုံကတော့ သူနဲ့အနီးဆုံးသူငယ်ချင်းမို့ အခုလိုရင်ဖွင့်မိပေမယ့် သူချစ်နေတဲ့သူဟာ ဘယ်သူဘယ်ဝါရယ်လို့ မပြောရသေးပါ။

" အင်း ငါကြိုက်နေတဲ့သူကလေ။ ဘယ်သူဘယ်ဝါမှန်းမသိဘူး။ နာမည်လေးတစ်ခုပဲသိတာဟာ။"

" သူ့နာမည်က..."

" ညိုထင်။"

" ဟဲ့...သာလွန်းချမ်း။ အဲ့ဒီနာမည်ကို ငါတို့ရွာမှာတစ်ခါမှ မကြားဖူးဘူး။ ဘယ်ရွာကလဲ။ မတော်တရော်ကောင်မတွေနဲ့ ဖြစ်နေမယ်။ ငါစိတ်ပူတယ်။ ပြီးတော့ နင်ကြိုက်နေတဲ့မိန်းကလေးနာမည်ကလဲ ယောကျ်ားဆန်ဆန်နာမည်ကြီး..."

အင့်!!!!ယောကျ်ားနာမည်ကြီးတဲ့။ သာလွန်ချမ်းတံတွေးပင်နင်သွာရသည်။ ပန်းမှုံကိုမပြောမသိမို့သာ သူပြောရန်ဆုံးဖြတ်လိုက်သည်။

" ဒါက ဒီလိုရှိတယ်လေပန်းမှုံ။ သူ သူကလေ ယောကျ်ားလေး။ ငါ.... ငါနဲ့သိတာမကြာသေးဘူး။ "

" အလို....သာလွန်လေးက အချစ်နဲ့တောင်တွေ့နေပြီပေါ့။ "

နောက်ပါးဆီကအသံကြောင့် မြတ်သာနဲ့ခင်လေးသိမ့်တို့နှစ်ယောက်ပင်။

" ဘာမှမဖြစ်ပါဘူးဟယ်။ ငါတို့ကတစ်ရွာထဲနေ ငယ်သူငယ်ချင်းတွေမဟုတ်လား သာလွန်ရယ်။ နင်ကပန်းမှုံတစ်ယောက်ထဲကိုကျ ရင်ဖွင့်ပြီး ငါတို့နှစ်ယောက်ကိုကျ ချန်ထားခဲ့တာကတော့မဟုတ်သေးပါဘူး။ "

" ဟုတ်တယ်ခင်လေးသိမ့်။ ပြောပြလိုက်။"

ခင်လေးသိမ့်ကပြောတော့ မြတ်သာကပါ ဟုတ်မှန်တဲ့အကြောင်း ထောက်ခံလေပြန်သည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now