Part.13 (Z)

4.4K 170 4
                                    

" ခွပ်" ခနဲမြည်သံနဲ့အတူ
မိုးညိုထင်
ပါးရိုးတစ်လျှောက် ထုံကျင်ပူထွက်သွား၏။ လူကောင်သေးသလောက် ပြင်းလိုက်တဲ့ လက်သီး။ သူကြီးသားပီသပါပေတယ်။ မိုးညိုထင် သူထင်သလိုပင်။ ကြိုတင်တွေးထားပြီးသားမို့ ဒီလောက်တော့ သူအတွက်မှု့။

" ကျေနပ်လားမင်းလေး။ ကိုယ့်အပေါ်ဒီလောက်တောင်ရက်စက်ရသလား။ ကိုယ်လေ မင်းလေးကိုချစ်တယ်။ ဒါ့ကြောင့်မင်းလေးကို ကိုယ်ပိုင်ဆိုင်ချင်လာမိတယ်သိလား။ ကိုယ်သိပါတယ် မင်းလေးက ကိုယ့်ကိုနည်းနည်းလေးမှမချစ်ဘူးဆိုတာကို ကိုယ်သိလာရတယ်။

မင်းလေးသိလား။ မိုးညိုထင်ဆိုတဲ့ကောင်ရဲ့
အချစ်ဟာ မင်းလေးနဲ့တွေ့မှ အချစ်ဆိုပြီးပေါ်ထွက်လာခဲ့တာ။ မင်းလေးရဲ့ဖြူစင်တဲ့ စိတ်ကိုကိုယ်မြတ်နိုးမိတယ်။ ကိုယ့်အချစ်ကိုမင်းလေးမယုံသေးဘူးမလားဟင်။"

မိုးညိုထင်ပူထွက်သွားတဲ့ ပါးရိုးကိုလက်နဲ့ပွတ်သပ်ကာ ရင်ထဲက ခံစားရသမျှအကုန် သူချစ်ရတဲ့သူလေးသိအောင်ဖွင့်ထုတ်လိုက်သည်။

အချစ်ဆိုတာက အချိန်အကြာကြီး အတူတူရှိနေမှ ဖြစ်ပေါ်လာတက်သလို၊ အချိန်ခနလေးနဲ့လဲ အချစ်ဆိုတာကဖြစ်ပေါ်လာတက်ကြတာပဲလေ။ သူ့ရဲ့အချစ်ဆိုတာကလဲ သာလွန်ချမ်းဆိုတဲ့ကောင်လေးနဲ့မှ ဖြစ်ပေါ်လာတာဖြစ်သည်။

ရုတ်တရက်ကြားလိုက်ရတာမို့ သာလွန်ချမ်းလက်ပါမိသွားတာဖြစ်သည်။ သူကတိပေးထားတဲ့ကြားကနေ ထိုပေးထားတဲ့ ကတိကိုဖောက်ဖျက်လိုက်မိသည်။ မိုးညိုထင်ကိုကြည့်ကာ သူလဲစိတ်မကောင်းဖြစ်မိသည်။ သူ့ရှေ့ကနေ ချာခနဲလှည့်ထွက်သွားတဲ့ မိုးညိုထင်ကိုတော့ သူလှမ်းမခေါ်ဖြစ်တော့ပါ။

ချစ်ခြင်း၏သဘောတရားကို မင်းနဲ့တွေ့မှဖြစ်ပေါ်လာတာဆိုရင် ကိုယ်လိမ်ညာရကျမလားဟင်။ ပထဆုံးအချစ်လို့ ထင်မိခဲ့ပေမယ့် မင်းဟာငါ့ရဲ့အချစ်ဦး၊ ပထဆုံးသောချစ်ရသူဆိုတာ မင်းသိနိုင်မလားမိုးညိုထင်။ မင်းကဘယ်လိုလူဆိုတာကိုမသိခဲ့တာတောင် မင်းကိုချစ်နေမိတာပါ။

လှည့်ထွက်သွားတဲ့ ကျောပြင်ကိုငေးကြည့်ရင်း သာလွန်ချမ်းစိတ်ထဲကနေ တီးတိုးရေရွတ်နေမိတော့သည်။ သာလွန်ချမ်းစိတ်ထဲနေလို့မကောင်း။ အစောနက မြင်ရတဲ့မြင်ကွင်းအချို့ဟာ သိပ်ကိုလှပနေခဲ့ပေမယ့် အခုတော့ထိုမြင်ကွင်းဟာ အကျည်းတန်အရုပ်ဆိုးလို့သွားတော့၏။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now