Part.36 (Z)

1.7K 66 2
                                    

ရွာထဲကို လူစိမ်းဝင်လာတာနဲ့တစ်ယောက်နဲ့တစ်ယောက်က အချက်ပြလို့ တစ်အိမ်နဲ့တစ်အိမ်ဟာလဲ သတိပေးလေ့ရှိသည်။ ရိုးမရွာသည် စည်းလုံးခြင်းရှိတဲ့ရွာတစ်ရွာဖြစ်သည်။ မျက်နာစိမ်းနဲ့လူတစ်စုဟာ ကြွက်နီတို့နဲ့အတူ ရွာလမ်းအတိုင်းဝင်လာခဲ့ကြသည်။ ရွာခံကြွက်နီတို့ပါလာ၍သာ ရွာဝင်ပေါက်က ဂိတ်ဟာအစစ်အဆေးမရှိပေမယ့် ရိုးမရွာသားတွေကတော့ မျက်နာစိမ်းနဲ့လူအချို့ကို မကြည်ကြည့်,ကြည့်နေကြသည်။

ကြွက်နီတို့တစ်စုရွာထဲကနေ တပတ်၁၀ရက်အတွင်းပျောက်သွာရာကနေ ရွာကိုပြန်ရောက်တော့ ရွာကတိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေတယ်လို့ခံစားရသည်။

တင်မောင်ဝင်းနဲ့သူ၏တပည့်များသည် ရွာ၏အခြေအနေကို အကဲခတ်လို့နေသည်။ ကြွက်နီကိုသူတို့မေးတုန်းက ကြွက်နီကဘာမှမပြောလို့ တင်မောင်ဝင်းစိတ်တိုခဲ့ရသည်မဟုတ်လား။ ကြွက်နီ၏တပည့်တစ်ယောက်ကို ရွာနာမည်ကိုမေးတော့မှ သူတို့ရွာဟာ " ရိုးမရွာ" ဆိုတာကိုသိခဲ့ရသည်။ ရိုးမရွာအကြောင်းကို အနည်းငယ်စုံစမ်းကြည့်တော့ ရိုးမရွာသည် လယ်ယာလုပ်ငန်းများနဲ့ ကြီးပွာချမ်းသာသော ရွာတစ်ရွာဖြစ်ကြောင်း၊ အိမ်ခြေအားဖြင့် ၃ရာကျော်ဖြစ်ကာ ရွာငယ်လို့ဆိုမရတဲ့ ဤရိုးမရွာဟာ စည်းလုံးသည်တဲ့လေ။ ရွာလူကြီး၏သြဇာအာဏာဟာ မြို့ကပုလိပ်မင်းတွေထက်ဏာနာစက်ဝန်းကပြင်းထန်တယ်လို့လဲ သူစုံစမ်းခဲ့ရသည်။

" ဗျို့ အမေ။ "

ကြွက်နီ၏အော်ခေါ်သံကြောင့် အသက်လတ်အရွယ်အမျိုးသမီးဟာ အိမ်အောက်ထပ်ကနေ ထွက်လာခဲ့သည်။ အသက်လတ်အရွယ်အမျိုးသမီးဟာ ထမိန်ကိုတိုတိုဝတ်ကာ ဆေးပျင်းလိုက်တစ်လိပ်ကို ပါးစပ်မှာကိုက်ခဲထားတာကိုတွေ့ရသည်။ ဒါဟာကြွက်နီ၏မိခင်ဖြစ်သည်။

ဒေါ်ရင်လတ်တစ်ယောက် အိမ်ရှေ့ကွင်းပြင်ကနေ သားဖြစ်သူ၏အော်ခေါ်သံကြောင့် ပြောင်းဖူးဖက်ကို ဆေးပြင်းလိပ်,လိပ်နေရာကနေ ထလာခဲ့သည်။

" ဘာပြန်လာလုပ်တာလဲကြွက်နီ။ "

ကြွက်နီသည် မိခင်ဖြစ်သူ၏စကားကြောင့် ရယ်ရယ်မောမောဖြင့် ဘာပြန်ဖြေရမလဲမသိတာကြောင့် ခေါင်းကိုသာကုတ်နေမိတော့သည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now