Part.34 (U)

4.9K 337 4
                                    

" ညိုတုတ်ရေ၊ ညိုတုတ်"

သာလွန်ချမ်းအိပ်ယာကထတော့ သူ့ဘေးနားမှာ ညိုတုတ်မရှိခဲ့။ မနက်ခင်းတွေမှာ အိပ်ယာကနိုးထလာတိုင်း
သူ့မျက်နာလေးမြင်ချင်ပါတယ်ဆိုမှ အခုတော့ဘယ်ရောက်သွားလဲမသိ။ အေးစက်စက်အိပ်ယာကို လက်နဲ့စမ်းရင်း သူမရှိဘူးဆိုတဲ့အသိနဲ့ စိတ်က သိပ်အဆင်ပြေမနေခဲ့ပါ။ သာလွန်ချမ်းအိပ်ယာပေါ်ကနေ အလူးအလဲထ အိမ်ပေါ်ကနေ နာမည်အော်ခေါ်တော့သည်။

" ညိုတုတ်ကလဲ ဘယ်တွေကိုသွားနေတာလဲမသ်ိဘူး။ "

သာလွန်ချမ်းခေါင်းကရှုပ်ပွနေတဲ့ ဆံပင်တွေကို စိတ်၏မကျေနပ်မှု့ဖြင့် တဗျင်းဗျင်းကုတ်လေတော့သည်။ နဂိုရှုပ်ပွနေတဲ့ ဆံပင်တွေဟာ သူ့ရဲ့စိတ်အလိုမကျမှု့ကြောင့် ပွစာကြဲကုန်တော့သည်။
နှုတ်ခမ်းကိုဆူထော်ထားကာ မျက်မှောင်ကိုလဲ ကုတ်ထားလိုက်သည်။ သာလွန်ချမ်းပုံစံက အိပ်ယာထစ ကလေးငယ်ဟာ
မိခင်မတွေ့လို့ စိတ်ကောက်နေတဲ့ဟန်ပင်။

မိုးညိုထင်သည် လက်ထဲကချိုင့်ကိုစားပွဲပေါ်သို့ချကာ အိမ်အပေါ်ထပ်သို့ပြေးတက်လာခဲ့သည်။ ဒီအချိန်ဆို သူ့လင်ယောကျ်ားလေးနိုးတက်တဲ့အချိန်ဆိုတာ သူသိနေတာကြောင့်ဖြစ်သည်။ အဲ သူ့ကိုမတွေ့ရင်လဲရစ်တက်ကောက်တက်တဲ့ ရစ်စိန်ကလေးဆိုကော သင်တို့သိပြီးပြီလား။

လှေကားပေါ်အမြန်တက်လိုက်တော့ သူ၏ကောက်စိန်လေးက အိပ်စုံမှုံမွှားနဲ့ဆင်းလာတာကိုတွေ့ရသည်။

" ခနလေး ခနလေး "

လှေကားပေါ်ကနေ ခြေချော်ကျမှာဆိုးတာကြောင့် အမြန်တားရပြန်သည်။ ဒါကိုမကြားဟန်ဆောင်ကာ ဆင်းလာတဲ့ရစ်စိန်လေး ပြောရင်းဆိုရင်းက သူ့စကားနားမထောင်တဲ့အကျိုးက ခြေချော်ကျတာပင်။ မိုးည်ိုထင်အမြန်ထိန်းဖမ်းလိုက်တာကြောင့်သာ ဘာအန္တရာယ်မှမဖြစ်တာ။

" ပြောသားပဲကွာ။ ကိုယ်လာခေါ်ပါ့မယ်ဆို။ မင်းလေးကအရမ်းဆိုးတာပဲ။ "

အခုမှငိုချင်ရဲ့လက်တို့ဖြစ်သွားတဲ့ကလေးငယ်လေးလို သူ၏ရစ်စိန်လေးက အာပြဲလျှာပြဲနဲ့အော်ငိုတော့သည်။

" ဟီး အီး ။ လူကိုလာဆူနေတယ်။ အဟီး...."

အဲ...ရစ်စိန်လေးက ဒီလိုငိုပြန်တော့ ဒီလူမှခြေမကိုင်မိလက်မကိုင်မိဖြစ်ရပြန်တယ်။ သူကဆူတာလဲမဟုတ် ငေါက်တာလဲမဟုတ်တာကို။ ဒီလူကစိုးရိမ်တာက ရစ်စိန်လေးကမသိပြန်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now