Part.15 (U)

10.8K 758 6
                                    

မြတ်သာနဲ့ပန်းမှုံကတစ်တွဲ၊ သူနဲ့ခင်လေးသိမ့်ရယ်ကတစ်တွဲဖြစ်လို့နေသည်။ မြို့ကိုလေးယောက်သားတက်မယ်လို့ ပန်းမှုံတို့စပြောတဲ့ အချိန်ကတည်းက သူစိတ်မပါလို့ငြင်းခဲ့သည်။ ပန်းမှုံကမရဘူးဆိုကာ ဇွတ်အတင်းလှည်းပေါ်ကိုဆွဲတင်ခဲ့တာကြောင့် သူလဲမြို့ကိုရောက်လာရခြင်းဖြစ်သည်။ ဟိုနှစ်ယောက်လဲ ဘာထူးလဲ အတူတူပဲ။ သူ့ကိုလှည်းပေါ်ထမ်းမတင်ရုံတမယ် ပွေ့တင်ကြလေရဲ့။

" ဟဲ့ ငချမ်းနင်ကလဲ အသက်မပါတဲ့ကျောက်ရုပ်ကြီးလိုပဲ။ လှုပ်လီလှုပ်လဲ့နဲ့။ "

သူ့လက်မောင်းကို ဖြန်းခနဲရိုက်သံနဲ့အတူ အပြစ်တင်စကားပါဆိုလာတဲ့ပန်းမှုံ။ ဒီအချိန်မှာ သူစကားမပြောချင်ပါ။ စိတ်ကညိုတုတ်ဆီသာရောက်နေသည်။ ညိုတုတ်ခရီးသွားတာ အဆင်မှပြေရဲ့လား၊ တစ်ခုခုဖြစ်မှာကို သူစိုးရိမ်နေမိတာအမှန်ပင်။
ခွဲရတာမှ ရက်ပိုင်းမျှရှိနေသေးသော်လည်း သာလွန်ချမ်းစိတ်ထဲတွင် နှစ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ ရက်ပေါင်းများစွာကြာမြင့်နေခဲ့သည်လို့ ထင်မိတဲ့အထိပင်။ ရှေးလူကြီးတွေပြောခဲ့သလိုပဲ ကိန္နရီမောင်နှံသည် တစ်ညတာလေးခွဲရတာကို နှစ်ပေါင်း၅၀၀လောက်ကြာမြင့်သွားတယ်ဆိုတာ တကယ်ဆိုတာကို သူတောင်ယုံမှတ်ရတော့မလိုလိုဖြစ်နေသည်။

" ဟူး....။ သူ့ကိုတွေ့ရင်သိပ်ကောင်းမှာပဲ သတိရလိုက်တာ။ ညိုတုတ်ကကော ငါ့ကိုသတိရနေပါ့မလား။ "

" အမလေးဟယ် နင်ကလဲ မချစ်လို့သာနေရော့မယ်နော်။ လွမ်းတောင်လွမ်းတက်နေပြီပေါ့နော်။ နင်သိပ်ကိုပိုလွန်းတယ် ငချမ်း။ "

ပန်းမှုံသည် မြတ်သာလက်ကိုဆွဲချိတ်ကာ သူ့ကိုနှုတ်ခမ်းများရွဲ့ကာဆိုလာသည်။ ပန်းမှုံကတော့ ချစ်ရသူနဲ့ဝေးကွာရခြင်းဆိူတဲ့ ခံစားချက်ကိုမခံစားဘူးတော့ မသိတာမဆန်းတော့။

" နင်ကတော့ ဘယ်ခံစားဖူးမလဲပန်းမှုံ။ နင့်ဘေးနားမှာက မြတ်သာရှိနေတော့ ငါ့ခံစားချက်ကို နင်နားမလည်ပါဘူးဟာ။ "

မြတ်သာကတော့ သူငယ်ချင်းနဲ့ချစ်ရတဲ့မိန်းကလေးတို့ တစ်ယောက်တစ်ခွန်းစကားနာထိုးနေတာကို ပြုံး၍သာကြည့်နေတော့သည်။ ပန်းမှုံနဲ့သာလွန်းချမ်းဟာ ငယ်သူငယ်ချင်းတွေဖြစ်ပေမယ့် ဟိုးငယ်ငယ်လေးကထဲက မတည့်အတူနေတွေဖြစ်သည်။ အင်း.
...မတွေ့ရရင်လဲ အိမ်အထိလိုက်ရှာတဲ့သူတွေပင်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now