Ep.41 (U)

4.5K 310 1
                                    

ဆောင်း
ည၏အချိန်ကာ အအေးပို၍ အိမ်ထဲမှာအစောအိပ်ယာဝင်ကျလေသည်။ ည၏တိတ်ဆိတ်ခြင်းကို ပုရစ်ကောင်လေးများ၏အော်သံက ဆူညံလို့ပေါ့။ ဆောင်းတွင်းရောက်တာမို့ ခြံဝိုင်းထဲမှာ မည်သူမှရှိမနေ။ ကလေးတွေကလဲ အိပ်ယာအစောဝက်ကျသလို၊ လူကြီးတွေကလဲ အိပ်ယာဝင်ကုန်ကြလေပြီမဟုတ်လား။ ထိုအချိန်ကို အခွင့်ကောင်းစောင့်နေတဲ့ လူတစ်စုကလဲရှိနေသည်။

" ကြွက်နီ ငါတို့စလှုပ်ရှားကြရအောင်။ "

အမှောင်ထုကို အားကိုးကာ တင်မောင်ဝင်းစကားဆိုလိုက်သည်။

" ဖြစ်ပါ့မလား ကိုတင်မောင်ဝင်းရာ။ ကျွန်တော်ကြောက်တယ်ဗျ။ ပြီးတော့ ဒါကကျွန်နော်ရွာမဟုတ်လား။ ဒီလိုလုပ်တာတော့မကောင်းဘူးထင်တယ်။ အကယ်၍မိသွားခဲ့ရင် ကျွန်တော်သေမှာ။ "

" မင်းကလဲ ဘာတွေတွေးပြီးကြောက်နေတာလဲ။ ဒီပစ္စည်းတွေကို ငါတို့ရရင်မင်းလဲ ဒီရွာမှာနေစရာမလိုတော့ဘူး။ ငါတို့နဲ့မြို့မှာလိုက်နေ။ ရတဲ့ ပစ္စည်းတွေကို တစ်ယောက်တဝက်ခွဲပေးမှာ။ မင်းလဲသူဋ္ဌေးဖြစ်မယ့်အခွင့်အရေးပဲလေ။ "

တင်မောင်ဝင်းစည်းရုံးကြည့်လိုက်သည်။ သူဋ္ဌေးဖြစ်မယ်လို့ပြောလိုက်တာကြောင့် ကြွက်နီ
မျက်နာအရောင်ပြောင်းသွားတာကို တင်မောင်ဝင်းမြင်တွေ့လိုက်ရသည်။ သူလိုချင်တာကလဲ ဒီလိုအခြေအနေပဲလေ။ ဒီလိုလူတွေက ချမ်းသာမယ်လို့သာ အခွင့်အရေးပေးလိုက် ဘာမဆိုလုပ်မယ့်လူဆိုတာ တင်မောင်ဝင်းကြိုတွက်ဆထားတာကြောင့်ဖြစ်သည်။

" ဟုတ်သားပဲ ကြွက်နီရာ။ ငါတို့လဲ မြို့တက်ပြီးခြေရာဖျောက်နေကြမယ်လေ။ "

ကြွက်နီတစ်ယောက် ဆောင်းတွင်း၏အအေးဒဏ်ကိုအံတုကာ ကြောက်တဲ့စ်ိတ်ကြောင့် ချွေးများပင်ထွက်လို့နေသည်။

တစ်ရွာလုံးအိပ်မောကျတဲ့အချိန်ကိုစောင့်ရင်း ညသန်းခေါင်ယံကိုရောက်ခဲ့ပြီလေ။ သူတို့အားလုံးစောင့်နေတဲ့အချိန်မို့ အားလုံးဟာ ကြွက်နီ၏စကားကို စောင့်စားနေကြသည်။

" အေးကွာ။ သွားကြမယ်။ "

ကြွက်နီဆီက ခွင့်ပြုချက်ရတာနဲ့ တင်မောင်ဝင်းတပည့်တစ်ယောက်ကို မျက်စပစ်ပြလိုက်သည်။ အိမ်ခန်းတံခါးကိုဖွင့်ကာ အပြင်လူရိပ်လူခြေကိုအကဲခတ်လိုက်သည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now