Part.4 (U)

17.4K 1.3K 22
                                    

" ဒီမှာ..."

" ဗျာ.... ဗျာ။ ဟုတ်ကဲ့ကျွန်တော်မျိုး ရှိပါတယ်သူကြီးမင်းသားခဗျ။ "

အူကြောင်ကြောင်မျက်နာပေးပုံစံ အမူအယာနဲ့သူ့ကိုပြန်ထူးလာတဲ့ ညိုထင်ဆိုတဲ့သူကို သာလွန်ချမ်းမျက်နာကို လက်သီးနဲ့ထထိုးချင်မိလာသည်။ဒဏ်ရာက သက်သာခါစမလို့ သူ့စိတ်ကိုမနည်းထိန်းထားရသည်။ ရာရာစစသူ့ချစ်ရသူလေးကိုမှ ဒီလူကမှန်းနေရတယ်လို့။

" ရပ်တော့။ ရပ်တော့။ ကျုပ်ဒီနေရာကနေပဲ ဆင်းသွားလိုက်တော့မယ်။ "

သူအပြောကြောင့် သာခင်ဆိုတဲ့သူက လည်းကိုကြိုးဆွဲကာရပ်လိုက်စေသည်။ မိုးညိုထင်လဲ လှည်းပေါ်ကနေ သွက်လက်စွာနဲ့ ခုန်ဆင်းလိုက်သည်။ မိုးညိုထင်လှည်းအောက်ရောက်တာနဲ့ သာလွန်ချမ်းနဲ့ မျက်နာချင်းဆိုင်အနေအထားသို့ ရပ်လိုက်သည်။ နောက်....

" မင်းလေးက ကိုယ့်အသက်ကိုကယ်ခဲ့တာကြောင့် ကိုယ့်အသက်တဝက်က မင်းလေးနဲ့ဆိုင်တယ်။ အဲ့အသက်တဝက်ကို မင်းလေးထံအပ်နှံပါတယ်။"

သာလွန်ချမ်း သူ့မျက်နာကိုတည့်တည့်စိုက်ကြည့်ကာ ပြောလာတဲ့ ညိုထင်စကားကြောင့် တံတွေးပင်သီးချင်ချင်။

" ဘာ ဘာဆိုင်လို့လဲဗျ။ "

" ဆိုင်တယ်လေ။ ကျုပ်အသက်တစ်ဝက်ကို မင်းလေးပိုင်သလို၊ ကိုယ်နှလုံးသားတဝက်ကိုလဲ မင်းလေးပိုင်တာမို့ ကျန်ရှိနေတဲ့ နှလုံးသားတဝက်ကိုလဲ မင်းလေးထံထပ်ပြီး အပ်နှံချင်လို့။ "

ညိုထင်ဆိုတဲ့လူရဲ့စကားကြောင့် သာလွန်ချမ်းကြောင်အနေမိသည်။ တိုက်ခတ်နေတဲ့လေတွေတောင် ရပ်တန့်သွားသလို၊ သူရှုရိုက်နေတဲ့လေတွေတောင် သူဆက်ပြီးရှုရှိုက်နေမိသလားဆိုတာတောင် မသိတော့။ ခပ်ဝေးဝေးကနေ လှမ်းအော်လိုက်တဲ့ စကားလုံးတို့ကြောင့်သာမဟုတ်ရင် သူဘယ်အချိန်ထိ ကြောင်အစွာနေမိမယ်မသိ။

" မင်းလေးရှိရာကို ကိုယ်အရောက်လာခဲ့မယ်။ အဲ့ဒီအခါကျရင် မင်းလေးထံကိုယ့်နှလုံးသားလေး ဆက်ပြီးအပ်နှင်းပါရစေ။ "

ထိုသို့ပြောပြီး တောထဲတိုးဝင်သွားတဲ့ ကြောပြင်လေးကိုသာ သာလွန်ချမ်းငေးမောနေမိတုန်း။ ဘယ်ကမှန်းမသိ၊ ဘာလုပ်လဲမသိတဲ့ နာမည်တစ်ခုသာသိတဲ့ လူရဲ့စကားကြောင့် သူရင်တွေခုန်နေခဲ့တာတော့ ထူးဆန်းလို့နေသည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now