Part.28 (U)

5.5K 390 2
                                    

တိုက်မောင်းတစ်ယောက် ကင်းလှည့်ကအပြန် အာစရိတို့အတွဲကိုမြင်တော့ သူအားကျမိသည်။ သူချစ်ရတဲ့ မြတ်သာကတော့သူ့ကိုပြန်မချစ်နိုင်ဘူးတဲ့လေ။ သူချစ်ရတဲ့ ပန်းမှုံကိုပဲ လက်ထပ်မယ်တဲ့။ တိုက်မောင်းပြန်တွေးမိရုံနဲ့ နှလုံးသားလေးက အတိုင်းအဆမရှိနာကျင်ရပြန်သည်။

မချစ်သောသူကို နှစ်သက်မိခြင်းဟာလဲ ဝဋ်ကြွေးတစ်ခု။

ချစ်ရသူက အခြားတစ်ယောက်နဲ့ ဖောက်ပြားလေးမလားလို့ တွေးမိရုံနဲ့နာကျင်ရတာလဲ ဝဋ်ကြွေးတစ်ခု။

ဟူး....

ဆောင်းရာသီရဲ့ညလယ်ဟာ အပြင်မှာအေးလွန်းလို့ မီးပုံဖိုထားကာ အအေးဓာတ်ကိုဖယ်ရှာသော်လည်း ရင်ထဲကအပူမီးကတော့ ဆောင်းရဲ့အအေးဒဏ်ကိုအံတုလျှက်ပေါ့။

" ဒီအချိန်ဆို ခင်ဗျားဘာတွေလုပ်နေမလဲ။ လွမ်းလိုက်တာခင်ဗျားရာ။ "

လမင်းကိုမော့ကြည့်ကာ တိုက်မောင်းတစ်ယောက်ထဲဆိုလိုက်သည်။ သူမြတ်သာဆိုတဲ့လူနဲ့မတွေ့ရတာ ရက်အနည်းငယ်ပင်ကြာလို့နေပြီလေ။ တိုက်မောင်းတွေ့ချင်စိတ်ကိုမြိုသိပ်၊ လွမ်းတဲ့စိတ်ကို ဖြေဖျောက်ထားပါသော်လည်း သတိရချင်တဲ့စိတ်ဟာ သူချိုးနှိမ်ထားရန်ခက်ခဲလှသည်။

******

မြတ်သာအိမ်တံခါးဝကနေ ခြံအပြင်ကိုမျှော်ငေးလျှက်။ ဒီလိုအချိန်ဆို တိုက်မောင်းက သူ့အိမ်ရှေ့ကိုမယောင်မလည်နဲ့ ရောက်လာတက်တဲ့ အချိန်မို့ မြတ်သာမျှော်နေမိတာအမှန်။ သူမချစ်ဘူးလို့ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ မသိစိတ်ထဲကတော့ အိမ်ရှေ့ကိုမယောင်မလည်နဲ့ ရောက်လာတက်တဲ့ တစ်စုံတစ်ဦးကို သတိရနေမိတက်သည်။သူ ဘယ်ပင်မောင်းထုတ်ပါစေ သူ့အနားကို တောက်တဲ့လို ကပ်တွယ်နေတက်တဲ့ထိုလူ။ အခုတော့ သူရှိရာဆီကိုမရောက်လာခဲ်တာက ရက်ပင်ကြာလို့နေသည်။

" လွမ်းမိပါသည် မင်းရောက်လာတဲ့ အချိန်ဆီကို
အိမ်ပြတင်းဝက အချစ်လာရာလမ်းဆီ မျှော်တက်ငေးတက် လွမ်းတက်နေပါပြီ။ "

" အမယ် မြတ်သာက ထူးထူးဆန်းဆန်းတော့ အချစ်ကဗျာတွေ ဘာတွေတောင် ရွတ်ဆိုနေတက်ပါပကောလား။ "

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now