Part.44 (U)

5.9K 357 7
                                    

" ငါတို့ဒီည ဒီရွာကနေထွက်ပြေးကြမယ်။ "

တင်မောင်ဝင်းတပည့်တွေကို တိုးတိုးလေးပြောလိုက်သည်။

သာဂိတစ်ယောက် တဲအိမ်ထဲကနေအမှတ်မထင်ကြားလိုက်ရတဲ့စကားကြောင့် များစွာအံ့သြမိသည်။

" အာစရိဖြစ်ပါ့မလား။ "

" ဘာကိုမဖြစ်ရမှာလဲ။ ဒီနေ့ညငါတို့လှုပ်ရှားဖို့အကောင်းဆုံးအချိန်ပဲ။ "

ဆရာတပည့်တွေအတိုင်အဖောက်ညီစွာနဲ့ ခေါင်းညိတ်ခေါင်းခါပြုလုပ်ကြသည်။ ထန်းရည်မူးနေတဲ့ ကြွက်နီရဲ့တပည့်အချို့ကတော့ ခေါင်းပင်မထောင်နိုင်ချေ။

" သာဂ်ိရေ ငါတို့သွားပြီဟေ့။ "

သာဂိကိုနှုတ်ဆက်ကာ တင်မောင်ဝင်းတို့တစ်ဖွဲ့လုံးပြန်သွားကြချေပြီ။

သာဂိဘာလုပ်ရမှန်မသိ။ ခြေမကိုင်မိလက်မကိုင်မိနဲ့ပေါ့။

" မဖြစ်ချေဘူး။ ငါဦးအောင်နိုင်သူတို့ကိုပြေးပြောလေမှ မဟုတ်ရင်ဒီကောင်တွေကိုလွှတ်ပေးလိုက်သလိုဖြစ်နေမှာ။ "

သာဂိတွေးလိုက်၊ မေးလိုက်၊ တစ်ယောက်ထဲဖြေလိုက်နဲ့ အလှုပ်ရှုပ်နေတော့သည်။ တဲအိမ်ထဲကနေ ပြေးထွက်ကာ သာဂိတစ်ယောက်ဦးအောင်နိုင်သူရှိရာအိမ်သို့ အပြေးနှင်ခဲ့တော့သည်။

" ဗျို့သူကြီး သူကြီးရေ။ "

" ဟဲ့ သာဂိ။ အမောတကောနဲ့ဘာဖြစ်လာတာလဲ။ နင့်ထန်းတောမီးလောင်လို့လား။ "

သာဂိတစ်ယောက် အရီးမေလေးအမေးကိုပြန်မဖြေနိုင်သေးပါ။ ရွာလမ်းတစ်လျှောက်အပြေးလာခဲ့ရတာမို့ ချွေးများပင်ထွက်ကာ မောလို့လျှာပင်ထွက်လုလု။ ရေဆာနေ၍တံတွေးတွေကိုသာတွင်တွင်မြိုချလျှက်အမောဖြေနေမိသည်။

ဒေါ်မေလေးတစ်ယောက် မီးဖိုချောင်ထဲကနေယောင်းမကြီးကိုင်လျှက် အသည်းအသန်အော်ခေါ်တဲ့အသံကြောင့် မီးဖိုထဲကနေထွက်လာခဲ့သည်။ သူမအပြင်ရောက်တော့ သာဂိဖြစ်လို့နေသည်။ သာဂိပုံစံကအမောတကောရယ်မို့ သူ့ထန်းတောမီးများလောင်လေသလားအထင်နဲ့မေးရပြန်သည်။

" မဟုတ်ဘူးအရီးရေ။ ကျုပ်ထန်းတောမီးလောင်တာထက်အရေးကြီးတယ်။ သူကြီးကောဗျ။ "

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now